ဟူနန်၊ ဧပြီ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟူနန်ဒေသတွင် မြန်နှုန်းမြင့်ရထားလမ်းပြေးဆွဲရန် ခေတ်မီနည်းပညာသုံးရထားလမ်းခင်းစက် ဖြင့်ရထားလမ်းခင်းခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြသည်။ မီတာ ၅ဝဝ ရှည်သည့်ရထားလမ်းကိုခင်းရန် မိနစ် ၉ဝ ခန့်သာကြာမြင့်သောကြောင့် အချိန်ကုန်သက်သာကာ လုပ်ငန်းတွင်သည်။ တရုတ်နိုင်ငံတွင် မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်မှာ အလွန်ခေတ်စားတိုးတက်လျက်ရှိပြီး ပြည်သူများ သွားလာရန်ကြာမြင့်ချိန်ကိုလျှော့ချနိုင်သောကြောင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရာရောက်သည်။ နည်းပညာမြင့်စက်ပစ္စည်းများကိုအသုံးပြုကာ ရထားလမ်းများကိုဖောက်လုပ်နိုင်သောကြောင့်...
ပေကျင်း၊ ဧပြီ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အာကာသဆိုင်ရာသုတေသနလုပ်ငန်းများဆောင်ရွက်သည့် ထျန်းကွန်း ၁ အာကာသဓါတ်ခွဲခန်း မှာ ကမ္ဘာ့လေထုသို့ပြန်လည်ဆင်းသက်လာကာ တောင်ပစိဖိတ်သမုဒ္ဒရာအလယ်တွင် လောင်ကျွမ်းပေါက်ကွဲ သွားမည်ဖြစ်သည်။ ၎င်းမှာတရုတ်နိုင်ငံ၏ လူလိုက်ပါနိုင်သည့် အာကာသခရီးစဉ်တွင် အထောက်အပံ့ ဖြစ်စေမည့် ဂြိုဟ်ပတ်လမ်းဆိုင်ရာလေ့လာစမ်းသပ်မှုများကို ပြုလုပ်ခဲ့သည်။ ထျန်းကွန်း ၁ အာကာသဓါတ်ခွဲခန်း ကို ၂ဝ၁၁...
ရန်ကုန်၊ မတ်လ ၃၁ ရက်(ဆင်ဟွာ) ကမ္ဘာ့ကျော် တရုတ်နိုင်ငံ မကာအိုသံစုံတီးဝိုင်းဖျော်ဖြေပွဲကို မတ်လ ၃၀ ရက်နေ့ က ရန်ကုန်မြို့ တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ၎င်းဖျော်ဖြေပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မကာအို အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လူမှုရေးနှင့်ယဉ်ကျေးမှုရေးရာဦးစီးဌာနတို့မှ ကြီးမှူးကျင်းပခြင်းဖြစ်သည်။ ယင်းဖျော်ဖြေပွဲအခမ်းအနားကို မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊...
ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ) ပြည်ထောင်စုလွှတ်တော်၌ ယနေ့ နိုင်ငံတော် သမ္မတအဖြစ် ကတိသစ္စာပြုခဲ့သော သမ္မတသစ် ဦးဝင်းမြင့်က ပြည်သူများနှင့် အတူ အပြောင်းအလဲကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။ နိုင်ငံတော်နှင့် ပြည်သူများ ခံစားနေရသော စိန်ခေါ်မှုများ၊ အခက်အခဲများကလည်း မနည်းလှကြောင်း၊ အရာရာတိုင်းကို လွယ်လင့်တကူဖြေရှင်းနိုင်မည် မဟုတ်သော်လည်း...