ဟူပေ၊ မတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် တောင်မှ မြောက်သို့ ရေလမ်းကြောင်းပြောင်းလဲရေးစီမံကိန်း သုံးခုရှိသည်။ ယင်းအနက် အထင်ရှားဆုံးမှာ အလယ်ပိုင်းလမ်းကြောင်းဖြစ်ပြီး တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်ရှိ Danjiangkou ရေလှောင်ကန်မှစတင်ကာ ပေကျင်းမြို့နှင့် ထျန်းကျင်းမြို့သို့ မရောက်မီ ဟဲနန်ပြည်နယ်နှင့် ဟဲပေပြည်နယ်တို့ကို ဖြတ်သန်းသွားကြောင်း သိရသည်။ အဆိုပါ...
ရှီးကျားကျွမ်း၊ မတ် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် မြို့တော် ရှီးကျားကျွမ်းနှင့် ဆားဘီးယားနိုင်ငံ မြို့တော် ဘဲလ်ဂရိတ်တို့ အား ချိတ်ဆက်ထားသည့် နိုင်ငံတကာကုန်တင်ရထားလမ်းကြောင်းသစ်အား မတ် ၂၁ ရက်က စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။ ရှီးကျားကျွမ်းနိုင်ငံတကာကုန်းတွင်းဆိပ်မှ စတင်ကာ ကုန်တင်ရထားသည် နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျန်း...
ထျန်းကျင်း၊ မတ် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်းရှိ အပျော်စီးသင်္ဘော ဆိုက်ကပ်ရာ အကြီးဆုံးဆိပ်ကမ်းဖြစ်သည့် Tianjin International Cruise Home ဆိပ်ကမ်းက ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် နိုင်ငံတကာအပျော်စီး သင်္ဘောသယ်ယူ ပို့ဆောင်ရေး အပြည့်အဝ ပြန်လည် စတင်ချိန်မှစ၍ ပြည်တွင်း၊...
အစ္စလာမ်မာဘတ်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ၈၄ နှစ်မြောက် ပါကစ္စတန်နိုင်ငံနေ့(Pakistan Day)အား ဂုဏ်ပြုသည့်အနေဖြင့် အစ္စလာမ်မာဘတ်မြို့၌ မတ် ၂၃ ရက်က ကျင်းပသည့် စစ်ရေးပြအခမ်းအနား၌ ပါကစ္စတန်စစ်တပ်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLA) ဂုဏ်ပြုတပ်ဖွဲ့က ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ ယင်းအခမ်းအနားတွင် PLA ဂုဏ်ပြုတပ်ဖွဲ့ဝင်...
လားဆ၊ မတ် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ စပါးရိတ်သိမ်းမှု သေချာစေရေးအတွက် အရေးပါလှသော နွေဦးရာသီစိုက်ပျိုးရေးအား လုပ်ဆောင်လျက်ရှိသည်။ ရှီးဇန့်ရှိ ကျေးလက်ဒေသများတွင် လယ်ယာလုပ်ငန်းခွင်သုံး ထွန်စက်များအား ၁၉၇၀ ပြည့်လွန်နှစ်များတွင် ပထမဆုံး စတင်အသုံးပြုခဲ့ကြောင်း သိရသည်။ ယခုအခါ ခေတ်မီစိုက်ပျိုးရေးစက်ယန္တရားများအား ယင်းနေရာများတွင် ကျယ်ကျယ်ပြန့်ပြန့်...
ဘန်ကောက်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၏ အလုပ်အများဆုံးလေဆိပ်ဖြစ်သည့် ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်က နှစ်စဉ်ခရီးသည် သန်း ၅၀ ကျော်အား လက်ခံကြိုဆိုလျက် ရှိသည်။ ရေရှည်တည်တံ့သောခရီးသွားရွေးချယ်မှုများအတွက် လိုအပ်ချက်အား အသိအမှတ်ပြုသည့်အနေဖြင့် Airports of Thailand (AOT) ကုမ္ပဏီက ယခုနှစ် ဇန်နဝါရီလမှစ၍ လျှပ်စစ်တက္ကစီဝန်ဆောင်မှုများ...
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ မတ် ၂၄ ရက် တပေါင်းလပြည့်ည အခါသမယတွင် ရွှေတိဂုံစေတီတော်မြတ်ရင်ပြင်ပေါ်တွင် ဘုရားဖူး ပြည်သူအများအပြား မြင်တွေ့ရသည်။ ရွှေတိဂုံစေတီတော် ၂၆၁၂ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကြီးကို မတ် ၁၅ ရက်မှစတင်ကာ ကျင်းပခဲ့ပြီး ယင်းတပေါင်းပွဲတော်ကြီးတွင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်း...
ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့၌ မတ် ၂၃ ရက်တွင် ကျင်းပပြုလုပ်သော ဟိန္ဒူဘာသာဝင်များ၏ (ဟိုလီပွဲတော်) မြင်ကွင်းများ ဖြစ်သည်။ဟိန္ဒူဘာသာဝင်များသည် နွေဦးရောက်ရှိခြင်းနှင့် ဘဝအသစ် စတင်ခြင်း အထိမ်းအမှတ်ဆင်နွှဲရန် ရောင်စုံဆေးမှုန့်များဖြင့် ခြယ်မှုန်းကြသည့် ပျော်ရွှင်ဖွယ်ရာ ဆေးရောင်စုံပွဲတော်များအနက် တစ်ခုဖြစ်သော ဟိုလီပွဲတော်တွင် ဝင်ရောက်ဆင်နွှဲလေ့ရှိကြောင်း...
ပေကျင်း၊ မတ် ၂၄ ရက် (ဆင်ဟွာ) မကြာသေးမီက အာကာသယာဉ် အပြင်ဘက် အာကာသအတွင်း ထိတွေ့စမ်းသပ်မှု ပြုလုပ်ထားသော ပထမအသုတ် နမူနာပစ္စည်းများကို တရုတ်နိုင်ငံ Shenzhou-17 အာကာသယာဉ်မှူးအဖွဲ့နှင့် မြေပြင် သိပ္ပံသုတေသနပညာရှင်များ အနီးကပ် ညှိနှိုင်းလုပ်ဆောင်ပြီး ပြန်လည်သိမ်းဆည်းမှုလုပ်ငန်းကို ချောမွေ့စွာ ပြီးစီးခဲ့ကြောင်း၊ အာကာသယာဉ်မှူးများက ယင်းပစ္စည်းစုစုပေါင်း ၄၀၇...
ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်ပကုန်သွယ်မှုသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ပထမ ၁၁ လတာကာလအတွင်း အမေရိကန်ဒေါ်လာ ၂၈.၉ ဘီလီယံခန့် ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ မတ် ၂၃ ရက် ထုတ်ပြန်ချက်အရ သိရသည်။