မော်စကို၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ကာဇန်မြို့တွင် ဖေဖော်ဝါရီ ၂၄ ရက်ညက ကျင်းပခဲ့သော “Games of the Future” Dota 2 ပြိုင်ပွဲ၌ တရုတ်နိုင်ငံမှ Xtreme Gaming အဖွဲ့က အနိုင်ရရှိခဲ့ကြောင်း သိရသည်။
စင်ကာပူ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ် စင်ကာပူလေကြောင်းပြပွဲကို စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်ပြပွဲစင်တာတွင် ကျင်းပလျက်ရှိပြီး စီးပွားရေးလုပ်ငန်းသုံးနှင့် စစ်ဘက်သုံး အဆင့်မြင့်လေယာဉ်များကို ခင်းကျင်းပြသထားပြီး အံ့ဖွယ် လေယာဉ်အလှပြပျံသန်း တင်ဆက်မှုများလည်း ထည့်သွင်းခဲ့သည်။
ဂျကာတာ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်ရှိ နယ်မြေနှစ်ခုအား ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲပိုင်းတွင် လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူနေအိမ်များနှင့် စက်ရုံများ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အန်ကာရာ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ၏ ပြည်တွင်းထုတ် တိုက်လေယာဉ် KAAN က ပွဲဦးထွက်စမ်းသပ်ပျံသန်းမှုအား ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်ခဲ့ကြောင်း Turkish Aerospace Industries (TAI) က ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသတွင် ချက်ချင်းအပစ်အခတ်ရပ်စဲရေးက လွန်စွာအရေးကြီးကြောင်းနှင့် လုံခြုံရေးကောင်စီ၏ အဓိကပြုမူဆောင်ရွက်မှုမှာ အပစ်အခတ်ရပ်စဲမှု ချက်ချင်းရရှိစေရန်ဖြစ်ကြောင်း တရုတ်နိုင်ငံ အထူးသံတမန်က ဖေဖော်ဝါရီ ၂၂ ရက်၌ ပြောကြားခဲ့သည်။ ဂါဇာဒေသခံ ၁.၅ သန်းကျော်သည် မည်သည့်နေရာကိုမျှ မသွားနိုင်ဘဲ ရာဖာမြို့အတွင်း၌ ပိတ်မိနေကြောင်း၊ ရာဖာမြို့သို့...
ပေကျင်း၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပြောင်းလဲနေသော ကမ္ဘာကြီးတွင် အဖွဲ့၏ ခိုင်မာသည့် ဖွံ့ဖြိုးတိုးတက်မှုကို ပူးပေါင်း လျှောက်လှမ်းကြရန်နှင့် တည်ငြိမ်ခိုင်မာသောနေရာအဖြစ် ဆောင်ရွက်ကြရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖေဖော်ဝါရီ ၂၂ ရက်၌ ပြောကြားခဲ့သည်။ အဖွဲ့ဝင်နိုင်ငံများအားလုံးအနေဖြင့် SCO...
ကွမ်တုန်း၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ၂၀၀၆ ခုနှစ်က အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းသွင်းခြင်းခံရသော ကွမ်တုန်း ခြင်္သေ့အကသည် ကိုယ်ခံပညာ၊ အကနှင့် တေးဂီတကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ (Xinhua) …………………………………….. A glimpse of Guangdong Lion Dance The...
ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံသည် ဒေသတွင်း လျှပ်စစ်ယာဉ် (EV) ထုတ်လုပ်မှုအချက်အချာအဖြစ် ဖော်ဆောင်မှု အားကောင်းစေရန် ရည်ရွယ်လျက် လျှပ်စစ်ထရပ်ကားများနှင့် ဘတ်စ်ကားများ၊ ပြည်တွင်း၌ EV ဘက်ထရီများ ထုတ်လုပ်မှု တိုးမြှင့်ခွင့်ပြုရေး ဆွဲဆောင်မှုအစီအစဉ်ကို တိုးချဲ့မည်ဖြစ်ကြောင်း အမျိုးသား လျှပ်စစ်မော်တော်ယာဉ်မူဝါဒကော်မတီက ဖေဖော်ဝါရီ ၂၁...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ မြစ်တစ်ဖက်ကမ်း ဒလမြို့နယ်မှ စက်လှေဖြင့်လာရောက်သူများနှင့် မြူခိုးဝေသော နံနက်ခင်းမြင်ကွင်းဖြစ်ပါသည်။
ရှီးနင်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ချင်းဟိုင်-ရှီးဇန့် ဓာတ်အားလိုင်းကွန်ရက်ချိတ်ဆက်မှုစီမံကိန်းသည် လျှပ်စစ်ဓာတ်အား ပို့လွှတ်မှု ကီလိုဝပ်နာရီ ၂၀ ဘီလီယံကျော် တိုးမြှင့်လိုက်ခြင်းနှင့်အတူ ၁၂ နှစ်တာကာလအတွင်း ဘေးကင်းစွာ လည်ပတ်လျက်ရှိကြောင်း State Grid Qinghai Electric Power ကုမ္ပဏီက ပြောကြားခဲ့သည်။ အဆိုပါ...