ကုလသမဂ္ဂ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဂါဇာဒေသ၌ ပဋိပက္ခဖြစ်ပွားမှု ရက်ပေါင်း ၁၀၀ ပြည့်မြောက်ချိန်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ချက်ချင်းအပစ်အခတ်ရပ်စဲရေးအတွက် ဇန်နဝါရီ ၁၅ ရက်တွင် ထပ်မံတောင်းဆိုခဲ့ကြောင်း သိရသည်။ (Xinhua) ———————————- UN chief calls for humanitarian...
လားဆ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တပ်ဆင်စွမ်းအင်ပမာဏ၏ ၉၁.၄၄ ရာခိုင်နှုန်းမှာ သန့်စင်စွမ်းအင်ဖြစ်ပြီး သန့်ရှင်း၍ ရေရှည်တည်တံ့သော လျှပ်စစ်ဓာတ်အားပေးဝေရာတွင် ထိရောက်မှုရှိကြောင်း State Grid Tibet Electric Power ကုမ္ပဏီလီမိတက်ထံမှ သိရသည်။
ကိုင်ရို၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဖြေရှင်းရန် နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်း အကောင်အထည်ဖော်မည့် လမ်းပြမြေပုံတစ်ခု ဖော်ထုတ်ရန် ပိုမိုပြည့်စုံ ခိုင်မာ၍ ထိရောက်မှုရှိသော နိုင်ငံတကာ ငြိမ်းချမ်းရေးကွန်ဖရင့်တစ်ရပ် ဖြစ်မြောက်ရေးအတွက် ဇန်နဝါရီ ၁၄ ရက်က တိုက်တွန်းခဲ့ကြောင်း သိရသည်။
ဦလန်ဘာတာ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) မွန်ဂိုလီးယားနိုင်ငံ မြို့တော် ဦလန်ဘာတာသို့ တရုတ်ဘတ်စ်ကားထုတ်လုပ်သူ Yutong က ထုတ်လုပ်သည့် ဘတ်စ်ကား ၈၅ စီး ရောက်ရှိလာခဲ့ပြီး စတင်ပြေးဆွဲပေးနေပြီ ဖြစ်ကြောင်း ဦလန်ဘာတာ မြူနီစပယ် အုပ်ချုပ်ရေး အဖွဲ့က ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ဝန်ချန်း၊ ဟိုင်နန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ထျန်းကျိုး-၇ ကုန်တင်အာကာသယာဉ်နှင့် Long March-7 Y8 သယ်ဆောင်ရေးဒုံးပျံ ပေါင်းစပ်ယာဉ်အား လွှတ်တင်ရေးနေရာသို့ ဇန်နဝါရီ ၁၅ ရက်က ဒေါင်လိုက်ရွှေ့ပြောင်းသယ်ဆောင်လာခဲ့ကြောင်း သိရသည်။ အဆိုပါ ကုန်တင်အာကာသယာဉ်အား မကြာမီကာလ၊ သင့်လျော်သောအချိန်၌ လွှတ်တင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသအေဂျင်စီက...
ချန်ချွမ်း၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် ချန်ချွမ်းမြို့၌ ရေခဲဆီးနှင်း လမ်းကြောင်းတို ကားမောင်းပြိုင်ပွဲအား ဇန်နဝါရီ ၁၄ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ ပြည်တွင်း၊ ပြည်ပမှ ကားမောင်းပြိုင်ဝါသနာရှင် ၁၀၀ ကျော်က နှစ်ရက်ကြာ ပြိုင်ပွဲအတွင်း လမ်းကြမ်းမောင်း အပါအဝင် အတန်းအစားအသီးသီးတွင်...
ကဘူးလ်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Nimroz ပြည်နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက အုပ်ချုပ်ရေးမှူးရုံးအား ပစ်မှတ်ထားသည့် အသေခံဗုံးခွဲသူ၏ ကြိုးပမ်းမှုအား ဇန်နဝါရီ ၁၄ ရက်က တားဆီးခဲ့ပြီးနောက် တပ်ဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ “အသေခံဗုံးခွဲသူတစ်ယောက်က Nimroz...
မန္တလေး၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်က စွယ်တော်မြတ်စေတီ အရှေ့မြောက်ဖက်ရှိ ဗောဓိ ၅၀၀၀ နန္ဒဝန်ဗုဒ္ဓဥယျာဉ်တော်အတွင်း ဘုရားအဆူ ၅၀၀၀ တည်ထားကြောင်း သိရသည်။ (Xinhua)
ဂါဇာ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) အစ္စရေး-ဟားမက်စ်ပဋိပက္ခ ဖြစ်ပွားမှုက ရက်ပေါင်း ၁၀၀ ရောက်ရှိလာပြီးနောက် ဂါဇာကမ်းမြောင်ဒေသမှာ ဖျက်ဆီးမှုဒဏ်ခံခဲ့ရပြီး လူပေါင်း ၂၃,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဟားမက်စ်ဦးစီးသည့် အစိုးရမီဒီယာဌာနမှ အချက်အလက်များအရ သိရသည်။ ဂါဇာကမ်းမြောင်ဒေသသည် ပိုမိုဆိုးဝါးလာနေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းနှင့် တွေ့ကြုံခံစားရနေရကြောင်း သိရသည်။ (Xinhua)...
ကွီတို၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) အီကွေဒေါနိုင်ငံ၏ အကျဉ်းထောင်များတွင် အကျဉ်းသားများက ဖမ်းဆီးထားသည့် ဓားစာခံများအားလုံး လွတ်မြောက် သွားခဲ့ပြီဖြစ်ကြောင်း အကျဉ်းထောင်ဌာနဖြစ်သည့် SNAI ကို ကိုးကား၍ ဒေသတွင်းမီဒီယာများက ဇန်နဝါရီ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။ အီကွေဒေါနိုင်ငံ၌ အကြမ်းဖက်မှုများ မြင့်တက်နေစဉ်အတွင်း ဇန်နဝါရီ ၈...