ဂျေရုဆလမ်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF) က ဂါဇာဒေသတောင်ပိုင်း Khirbat Ikhza’a ဒေသတွင် စစ်ရေးလှုပ်ရှားမှုများအား စတင်ခဲ့ကြောင်း ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ ဘက်အသီးသီးအနေဖြင့် နိုင်ငံမြောက်ပိုင်း အခြေအနေကို သိမ်မွေ့ညင်သာစွာ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ၏ နယ်စပ်မြို့ဖြစ်သည့် Belgorod ၌ ပစ်ခတ်တိုက်ခိုက်မှုများအတွင်း ကလေးငယ် ၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး Vyacheslav Gladkov က ဒီဇင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ၂၀၂၄ ခုနှစ်အတွက် နှစ်သစ်မိန့်ခွန်းကို ဒီဇင်ဘာ ၃၁ ရက် ည ၇ နာရီတွင် ပြောကြားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ နှစ်သစ်မိန့်ခွန်းပြောကြားခြင်းကို China Media Group ၏ အဓိကရုပ်သံနှင့် ရေဒီယိုချန်နယ်များ၊...
ရှီးနန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်ပြည်နယ်ရှိ Guanting Town Central School တွင် ယာယီစာသင်ခန်းအသစ်များ ထည့်သွင်းတည်ဆောက်ထားသည်။ ချင်းဟိုင်ပြည်နယ် အနီးဝန်းကျင်ရှိ ကန်းစုပြည်နယ်တွင် ဒီဇင်ဘာ ၁၈ ရက် သန်းခေါင်ယံအချိန်က အင်အား ၆.၂ အဆင့်ရှိသော ငလျင်လှုပ်ခတ်ပြီးနောက်...
ကျီနန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ်ရှိ ရေခဲနေသော Chagan ရေကန်တွင် နှစ်စဉ် ဆောင်းရာသီငါးဖမ်းလုပ်ငန်း ရွှေရောင်ရာသီကို စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ထိုအစဉ်အလာအား နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းသွင်းသတ်မှတ်ထားကြောင်း သိရသည်။ (Xinhua) #China #Fishing #Tourism #WinterFishing #Jilin...
ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ဆောင်းတွင်းကာလမှာတွေ့ရတဲ့ ရန်ကုန်မြစ်ကမ်းနဲ့ မြစ်အတွင်းက ညနေခင်းမြင်ကွင်းတွေပဲဖြစ်ပါတယ် ။ ဗိုလ်တထောင် ကမ်းနားမှာတော့ ဆောင်းတွင်းကာလမှာ ပိုမိုလာရောက်တက်တဲ့ စင်ရော်ငှက်တွေကို အစားကျွေးသူတွေက ညနေတိုင်းရှိနေပါတယ် ။မြစ်ရဲ့လေကောင်းလေသန့်ကိုရှုရှိုက်ကာ အပန်းဖြေအနားယူသူတွေကိုလည်း တွေ့ရပါတယ် ။ ဆိပ်ခံတံတားတွေပေါ်ကလည်း နေဝင်ဆည်းဆာအလှကို တွေ့မြင်ရပါတယ် ။ (Xinhua)...
ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် ဖူးမြော်ချိန် ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ စ၍ နံနက် ၅ နာရီမှ ည ၉ နာရီအထိ အချိန်တိုးမြှင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်၊ လုပ်ငန်း...
ဘန်ကောက်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ရုတ်တရက် ရေကြီးရေလျှံမှုများကြောင့် အနည်းဆုံး လူခြောက်ဦး သေဆုံးခဲ့ပြီး အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြည်နယ်ငါးခုရှိ သောင်းနှင့်ချီသော မိသားစုများ ရေဘေးသင့်ခဲ့ကြောင်း သိရသည်။ ရေကြီး၊ ရေလျှံမှုများ ဖြစ်ပွားနေသော နေရာများ၌ ရေနုတ်မြောင်းများ မြန်မြန်ဆန်ဆန်...
ကျန်းရှီး၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းရှီးပြည်နယ်ရှိ Mount Longhu ၌ ခရုစုတ်ငှက် ၈ ကောင်ကို တောတွင်း လေ့ကျင့်ရေးအတွက် ကြီးမားသည့် ပိုက်လှောင်အိမ်ထဲသို့ ထည့်သွင်းပေးခဲ့ပြီး ထိုနေရာက ခရုစုတ်ငှက်များကို သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ပြန်လည်ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း သိရသည်။ နောက်ပိုင်းတွင်...