အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) တူရကီနိုင်ငံက ကမ်းလှမ်းမှုအမျိုးမျိုးနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်းအားဖြင့် လာမည့် ၁၀ နှစ်အတွင်း ခရီးသွား ဧည့်သည် သန်း ၈၀၀ အထိ ဆွဲဆောင်နိုင်လိမ့်မည်ဟု ခရီးသွားလုပ်ငန်းကျွမ်းကျင်သူက ခန့်မှန်းထားကြောင်း နိုင်ငံပိုင် Anadolu အေဂျင်စီက ဒီဇင်ဘာ ၂၇ ရက်တွင်...
ဘန်ကောက်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံနှင့် အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အားလျော်စွာ တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) နှင့် ပိုမိုကျယ်ပြန့်သော စီးပွားရေးပေါင်းစည်းမှုတွင် အရေးပါ၍ ဘက်စုံအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ထိုင်းစက်မှုလုပ်ငန်းများအဖွဲ့ချုပ် (FTI) ဒုတိယဥက္ကဋ္ဌ Montri Mahaplerkpong က ပြောကြားခဲ့သည်။...
နေပြည်တော်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) ဆာဖာရီဥယျာဉ် နေပြည်တော်တွင် သဘာဝအတိုင်း ထိန်းသိမ်းကာပြသထားသော တောရိုင်းတိရစ္ဆာန်များအား ဆာဖာရီဥယျာဉ်သုံးမော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုနိုင်သည်။ ကြောက်လန့်ရင်ခုန် စိတ်လှုပ်ရှားဖွယ်ကောင်းသော၊ မြန်မာပြည်တွင် တစ်ခုတည်းသာရှိသည့် ပြကွက်နေရာအဖြစ် ကျား ၊ ခြင်္သေ့ပြကွက်ကို ညွှန်းဆိုရမည်ဖြစ်သည်။ ဥယျာဉ်၏ လမ်းများပေါ်ပိတ်၍ အိပ်စက်နေသည့် အာဖရိက ကျား၊...
ကင်ရှာဆာ၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်း South Kivu ပြည်နယ် မြို့တော် Bukavu ၌ ဒီဇင်ဘာ ၂၆ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများနှင့် မြေပြိုကျမှုများ ဖြစ်ပွားကာ လူ ၄၀ ဦးထက် မနည်း သေဆုံးခဲ့ကြောင်း...
ပေကျင်း၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အမေရိကန်ထောက်လှမ်းရေးအချက်အလက်ကုမ္ပဏီ Kharon နှင့် လူပုဂ္ဂိုလ်နှစ်ဦးကို တန်ပြန်ပိတ်ဆို့အရေးယူရန် ဆုံးဖြတ်ချက်အား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၂၆ ရက်၌ ကြေညာခဲ့ပြီး အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံအား သားပုပ်လေလွင့်ပြောဆိုခြင်းကို ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။ အမေရိကန်နိုင်ငံက ရှင်းကျန်းဒေသနှင့် စပ်လျဉ်းသော...
မုံရွာ၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) လယ်တီဆရာတော်ကြီး၏ ၁၁၃ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အနေဖြင့် မဟာသရဏဂုမ်ရွတ်ဖတ်ခြင်းနှင့် မဟာလယ်တီသံဃာတော်များက ဆီမီး ၇၀၀၀ ပူဇော်ပွဲအား မုံရွာမြို့ လယ်တီ ကျောက်စာတိုက်အတွင်း ဒီဇင်ဘာ ၂၅ ရက် ညပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)
နေပြည်တော်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်မည် ဖြစ်ပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် စပ်လျဉ်းသည့် နောက်ဆက်တွဲစာချုပ် (Addendum) ကို ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းတွင် နေပြည်တော်၌ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ဘက်မှ တာဝန်ရှိသူများက...
ဒါကာ၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တရုတ်နိုင်ငံက တည်ဆောက်ထားသည့် ရေအောက်ဥမင်လိုဏ်ခေါင်းက သယ်ယူပို့ဆောင် ရေး အခြေခံအဆောက်အအုံအား အဆင့်မြှင့်တင်ပြီး စီးပွားရေးတိုးတက်မှုအား တွန်းအားပေးသည့်အတွက်ကြောင့် အလွှာအသီးသီးရှိ ပြည်သူများက အထင်ကရစီမံကိန်းအဖြစ် မှတ်ယူကြကြောင်း သိရသည်။ မြို့တော်ဒါကာ၏ အရှေ့တောင်ဘက် ၂၄၂ ကီလိုမီတာခန့်တွင် တည်ရှိသည့် Bangabandhu...
ကူမင်း၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးအား အထောက်အကူပြုသည့်အနေဖြင့် မကြာသေးမီနှစ်များအတွင်း နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်က အစိမ်းရောင်စွမ်းအင်ကဏ္ဍ အဆင့်မြှင့်တင်ရေး ကြိုးပမ်းမှုများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua) ………………………… (English Version) China’s Yunnan steps up efforts...
ဂါဇာ၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) အစ္စရေး-ဟားမက်စ် ပဋိပက္ခဖြစ်ပွားခဲ့သည့် အောက်တိုဘာ ၇ ရက်မှစ၍ ပါလက်စတိုင်း ၂၀,၉၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၄,၉၁၈ ဦး ရှိကြောင်း ဂါဇာအခြေစိုက် ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua) …………………………....