ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဒီဇင်ဘာ ခရစ္စမတ်ပွဲတော်ကာလ အတွင်း ရန်ကုန်မြို့ပြ၏ ညမြင်ကွင်းနှင့် ပြည်သူများကို ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါသည် ။ (Xinhua)
ရှန်ဟိုင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းထုတ် အပျော်စီးသင်္ဘောကြီး Adora Magic City သည် ရှန်ဟိုင်းမြို့ရှိ ဆိပ်ကမ်းတစ်ခုမှ ဒီဇင်ဘာ ၂၄ ရက်တွင် ထွက်ခွာသွားခဲ့ပြီး သင်္ဘောစမ်းသပ်ပြေးဆွဲမှု စတင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ကွေ့လျင်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် အအေးလှိုင်းဝင်ရောက်လျက်ရှိပြီး အပူချိန် အနုတ် ၇ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။ ကွေ့လျင်မြို့သည် တရုတ်နိုင်ငံ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ မြောက်ဘက်စွန်းတွင်တည်ရှိပြီး ဆီးနှင်းရေခဲများ တွေ့ရှိနိုင်သည့် နေရာများအနက် တစ်ခုဖြစ်သည်။ အမြဲစိမ်းပင်များတွင် အေးခဲအနုစိတ်သော...
ထျန်းကျင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းဆိပ်ကမ်းနှင့် တောင်အမေရိကအား ချိတ်ဆက်ထားသည့် လမ်းကြောင်းသစ်အား ဒီဇင်ဘာ ၂၁ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။
ကျိရှီဆန်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကန်းစုပြည်နယ်တွင် ဒီဇင်ဘာ ၁၈ ရက် ညနှောင်းပိုင်းက အင်အား ၆.၂ အဆင့်ရှိသော ငလျင်လှုပ်ခတ်ပြီးနောက် ယာယီပြောင်းရွှေ့စခန်းများ၌ စေတနာ့ဝန်ထမ်းများနှင့် စိတ်ကုထုံးပညာရှင်များက ငလျင်ဒဏ်ခံစားခဲ့ရသော ကလေးများကို ပန်းချီဆွဲခြင်း၊ ဂိမ်းကစားခြင်းနှင့် စာသင်ပြပေးခြင်း အပါအဝင် ပရဟိတစာသင်ခန်းများ စတင်ဖွင့်လှစ်ကာ...
ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဂါဇာဒေသရှိ အလွန်လိုအပ်နေသော အရပ်သားပြည်သူများအတွက် အကူအညီများ တိုးမြှင့်ပေးအပ်မှုဆိုင်ရာ အရေးကြီးသည့်ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ဒီဇင်ဘာ ၂၂ ရက်က ခွင့်ပြုခဲ့ကြောင်း၊ သို့ရာတွင် အစ္စရေးနှင့် ဟားမက်စ်ကြား “အရေးပေါ်စစ်မက် ရပ်ဆိုင်းခြင်း” အတွက် မူလတိုက်တွန်းချက်မှာမူ ပါဝင်ခြင်းမရှိကြောင်း သိရသည်။
ရှန်ဟိုင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် အမေရိကန်ကားထုတ်လုပ်ရေး Tesla Inc. ၏ စက်ရုံသစ်စီမံကိန်းကြီးကို တရားဝင် စတင်ပြီဖြစ်ကြောင်းနှင့် ယင်းစက်ရုံက တစ်နှစ်လျှင် Megapack အခုရေ ၁၀,၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိကြောင်း ကုမ္ပဏီက ကြေညာခဲ့သည်။
ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဂါဇာဒေသအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးရာတွင် အစ္စရေးတို့၏ ထိုးစစ်ဆင်မှုက ကြီးမားသည့် အတားအဆီးများကို ဖြစ်ပေါ်စေကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် ဒီဇင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua) ————————— Israel creates massive...
ပေကျင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် စတုတ္ထအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ခေါင်းဆောင်များအစည်းအဝေးကို ဒီဇင်ဘာ ၂၅ ရက်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဒီဇင်ဘာ ၂၂ ရက်၌ ကြေညာခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရှင်သာမဏေဓမ္မဗိမာန်သာသနာ့ဝန်ဆောင်အဖွဲ့ကကျင်းပသော ၃၅ ကြိမ်မြောက် သာသနာ့ဝန်ဆောင် သာမဏေကျော်စာတော်ပြန်စာမေးပွဲသို့ ကြွရောက်လာသည့် သာမဏေများကို ဒီဇင်ဘာလ ၂၃ ရက်က ရိုက်ကူးထားခြင်း ဖြစ်သည်။ (Xinhua)