ဂါဇာ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသ၌ ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းတွင် အစ္စရေးတို့က ဟားမက်စ်တို့နှင့် တိုက်ခိုက်မှုများ ပြန်လည်စတင်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF) က ကြေညာချက်၌ ပြောကြားခဲ့သည်။ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အား ဟားမက်စ်တို့က ချိုးဖောက်ပြီး အစ္စရေးပိုင်နက်ကို ပစ်ခတ်ခဲ့သည်ဟု IDF က စွပ်စွဲခဲ့ကြောင်း...
ရှန်ဟိုင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ရှန်ဟိုင်းဒစ္စနေအပန်းဖြေစခန်း၌ ဒီဇင်ဘာ ၂၀ ရက်တွင် စတင်ဖွင့်လှစ်ရန် စီစဉ်ထားသည့် ကမ္ဘာ့ပထမဆုံး Zootopia အပန်းဖြေဥယျာဉ် စမ်းသပ်လည်ပတ်မှုအား စတင်ခဲ့ကြောင်း အပန်းဖြေစခန်းက နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ Zootopia အပန်းဖြေဥယျာဉ်ကို ဒီဇင်ဘာ ၂၉...
ဖနွမ်းပင်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံတွင် သုံးရက်ကြာကျင်းပသော ရေသဘင်ပွဲတော်က မြို့တော် ဖနွမ်းပင်သို့ လာရောက်လည်ပတ်သည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ၄.၉ သန်းခန့်ကို ဆွဲဆောင်နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၂၉ ရက် ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့၏ အစီရင်ခံစာအရ သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအား ကိုင်တွယ်ဖြေရှင်းရေး အရေးကြီးဆောင်ရွက်မှုများ လုပ်ဆောင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းကို နိုဝင်ဘာ ၂၉ ရက်က တိုက်တွန်းလိုက်ကြောင်း သိရသည်။
ကွမ်ကျိုး၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်ရှိ ဆန်းကျန့်မြို့နှင့် ကျုံးဆန်းမြို့ကြားရှိ ပင်လယ်ဖြတ်ကျော် အဝေးပြေးလမ်းစီမံကိန်း ပြီးစီးလုနီးပါးရှိလာပြီဖြစ်ကြောင်း သိရသည်။
ဂါဇာ၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) အစ္စရေးနှင့် ဟားမက်စ်တို့အကြား ယာယီအပစ်အခတ်ရပ်စဲထားစဉ် ဂါဇာဒေသခံတချို့က ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်ရောက်ရှိလာခဲ့ကြသော်လည်း အုတ်ကျိုးအုတ်ပဲ့နှင့်အပျက်အစီးများသာ တွေ့ရှိခဲ့ရကြောင်း သိရသည်။ ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း Al-Zahra ရပ်ကွက်တွင် ပြည်သူများက အပျက်အစီးများအောက်မှ ၎င်းတို့၏ ပိုင်ဆိုင်သည့် ပစ္စည်းတချို့ကို ပြန်လည်ရယူရန် ကြိုးပမ်းလျက်ရှိနေကြောင်း သိရသည်။...
ကွမ်တုန်း၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်ရှိ ဆန်းကျန့်မြို့နှင့် ကျုံးဆန်းမြို့အကြား ပင်လယ်ဖြတ်ကျော် အဝေးပြေးလမ်းစီမံကိန်း တည်ဆောက်မှုလုပ်ငန်းများက ပြီးစီးလုနီးပါး ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua) ———————– Aerial views of China’s new cross-sea highway The...
နယူးယောက်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် သဘောတူညီမှုအသစ်အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ အစ္စရေးနှင့် ပါလက်စတိုင်းကြား ပြီးပြည့်စုံ၍ တည်တံ့သော အပစ်အခတ်ရပ်စဲရေး၊ ထိန်းသိမ်းထားသူများ ပြန်လွှတ်ပေးရေး၊ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ၏ အဓိကအချက်တစ်ခုဖြစ်သော နှစ်နိုင်ငံ အဖြေရှာခြင်းနည်းလမ်းဆီသို့ ပြန်လည်ရောက်ရှိရေး တွန်းအားပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး...
ကိုင်ရို၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံက တရုတ်ခရီးသွားလုပ်ငန်းဈေးကွက်၌ ပါဝင်မှု တိုးမြှင့်ရေး ရည်မှန်းချက်ဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၂၈ ခုနှစ်မတိုင်မီ နှစ်စဉ် တရုတ်ခရီးသွားဧည့်သည် ၃ သန်းကို ဆွဲဆောင်နိုင်မည်ဟု မျှော်မှန်းထားကြောင်း အီဂျစ် ခရီးသွားလာရေးနှင့် ရှေးဟောင်းပစ္စည်းဆိုင်ရာဝန်ကြီး Ahmed Issa က ပြောကြားခဲ့သည်။...
ကွမ်တုန်း၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ တုန်းကွမ်မြို့ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးဌာနတစ်ခု၌ စစ်ဆေးရေးလုပ်ငန်းအား ကူညီရန် စက်ရုပ်ခွေးကို စတင်အသုံးပြုခဲ့ကြောင်း သိရသည်။ (Xinhua) …………………………. (English Version) Robot dog helps with power station inspection in China’s Guangdong...