ဘန်ကောက်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ပေထုံတန်သည် ဖြူထိုင်းပါတီခေါင်းဆောင်ရာထူးမှ နုတ်ထွက်ကြောင်း အောက်တိုဘာ ၂၂ ရက်က လူမှုကွန်ရက်မီဒီယာတွင် ပို့စ်တင်၍ ကြေညာခဲ့သည်။ (Xinhua) —————— (Chinese Version) 佩通坦辞去为泰党党首职务 新华社曼谷10月22日电(记者陈倩慈 常天童)泰国前总理佩通坦22日在社交媒体上发文,宣布辞去为泰党党首职务。(完)
ဝါရှင်တန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) အမေရိကန် သမ္မတ ထရမ့်နှင့် ရုရှား သမ္မတ ပူတင်တို့ ဟန်ဂေရီနိုင်ငံ မြို့တော်ဘူဒါပတ်စ်၌ တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်အား “ရပ်ဆိုင်းထားပြီး” ဖြစ်သည်ဟု အမေရိကန် အိမ်ဖြူတော် အဆင့်မြင့်အရာရှိ၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန်မီဒီယာများစွာက အောက်တိုဘာ ၂၁ ရက်တွင်...
လန်ကျိုး၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကန်းစုပြည်နယ်ရှိ ချစ်စဖွယ်ကောင်းသော ပန်ဒါဝက်ဝံပေါက်လေးသည် တစ်လသားအရွယ်မျှပင်ရှိသေးသည်။ လက်ဖဝါးတစ်ခုစာဆံ့သောအရွယ်အစားမျှသာ သေးငယ်စွာ မွေးဖွားခဲ့သော်လည်း ယခုဆိုလျှင် ကိုယ်အလေးချိန် ၁,၂၀၀ ဂရမ်ကျော်သွားပြီဖြစ်သည်။ အဆိုပါပန်ဒါဝက်ဝံပေါက်လေးသည် ၎င်း၏ ခန္ဓာကိုယ်ပေါ်က အထင်ကရအမှတ်အသားများဖြစ်သည့် အဖြူနှင့် အမဲ အရောင်များကိုပင် စတင်ပြသနေပြီဖြစ်သည်။ (Xinhua)...
Unitree H2 စက်ရုပ်ကို နှုတ်ဆက်ကြည့်ပါစို့။ တရုတ်နိုင်ငံ၏ စက်ရုပ်တီထွင်ထုတ်လုပ်ရေးကုမ္ပဏီ Unitree Robotics က ထုတ်လုပ်ထားသော လူပုံစံတူစက်ရုပ် အမျိုးအစားသစ်မှာ ကိုယ်နေဟန်ထား ပြေပြစ်ညက်ညောစွာ သွားလာလှုပ်ရှားနိုင်သည့်အတွက် မယုံနိုင်လောက်အောင် သဘာဝကျသည်ဟု ခံစားမိစေမည်ဖြစ်ကာ ပြေပြစ်ကြော့ရှင်းသည့် ဒီဇိုင်းအသွင်အပြင်ဟူသော စကားရပ်အတွက် အလုံးစုံဆန်းသစ်သော အဓိပ္ပာယ်တစ်ခုကို ဖွင့်ဆိုပေးလျက်ရှိသည်။ (Xinhua) ………………....
ဒရုန်းအစင်းရေ ၁၆,၀၀၀ နီးပါး ပါဝင်သည့် ရင်သပ်ရှုမောဖွယ် မီးရှူးမီးပန်း အလှပြပွဲက တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် လျိုယန်မြို့ ညကောင်းကင်ယံကို ထွန်းလင်းတောက်ပစေခဲ့သည်။ လျိုယန်မြို့မှာ ဒရုန်းဖြင့် သရုပ်ဖော်သည့် ရင်သပ်ရှုမောဖွယ် မီးရှူးမီးပန်းအလှပြပွဲကြောင့် ဂင်းနစ်ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့သည်။ ကိုယ်တိုင်စီးမျောခံစားနိုင်သည့် ကြည်နူးဆွတ်ပျံ့ဖွယ် မြင်ကွင်းကို ဤရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။ (Xinhua) ………………....
ရွှမ်းချိန် (အန်းဟွေး)၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ကျွမ်တုန်း-ဝမ်နန် ±၁၁၀၀ ကီလိုဗို့ အလွန်ဗို့အားမြင့်တိုက်ရိုက်လျှပ်စီးကြောင်း (UHVDC) ဓာတ်အားပို့လွှတ်ရေးစီမံကိန်း လက်ခံသည့်စခန်းဖြစ်သော တရုတ်နိုင်ငံ အန်းဟွေးပြည်နယ်၊ ရွှမ်းချိန်မြို့ရှိ ကူချွမ်ဓာတ်အားလွှဲပြောင်းရေးစခန်းတွင် နှစ်စဉ် ဓာတ်အားဖြတ်တောက်၍ စစ်ဆေးပြင်ဆင်မှုများကို အောက်တိုဘာ ၁၇ ရက်မှ အောက်တိုဘာ ၂၃ ရက်အထိ...
ဟောင်ကောင်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ရုံးချုပ်ကို တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် ထူထောင်ထားသော နိုင်ငံတကာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ (IOMed) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၀ ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ “နိုင်ငံတကာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့(IOMed) ထူထောင်ခြင်းဆိုင်ရာ ပဋိညာဉ်စာချုပ်” အဖွဲ့ဝင်နိုင်ငံများ၊...
ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၂၀၂၇ ခုနှစ် ဖီဘာ ယူ ၁၉ အမျိုးသမီး ဘတ်စကက်ဘောကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပခွင့်ရရှိခဲ့ပြီး ယင်းမှာ ဖီဘာဘတ်စကတ်ဘောကမ္ဘာ့ဖလားပြိုင်ပွဲအား တရုတ်နိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် အိမ်ရှင်နိုင်ငံအနေဖြင့် လက်ခံကျင်းပခြင်းဖြစ်ကြောင်း ဖီဘာက အောက်တိုဘာ ၂၀ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါပြိုင်ပွဲကို...
BAYINGOLIN၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ယခုနှစ် ဆောင်းဦးရာသီတွင် ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရှေးဟောင်းပေါ်ပလာသစ်တောများအလယ်က ထူးခြားသော လှေခရီးစဉ်တစ်ခုကို သွားရောက်နိုင်သည်။ နှစ်တစ်ထောင်သက်တမ်းရှိ သစ်ပင်များနှင့် ထာလီမုမြစ်တို့သည် ဝင်းလဲ့တောက်ပသော ရောင်ပြန်ဟပ်ခြင်း၏ ရွှေဝါရောင် ရှုမြင်ကွင်းတစ်ခုအဖြစ် ရောနှောပေါင်းစပ်နေသည်ကို ဤရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်သည်။ (Xinhua) …………………………………….....
နန်ကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ်တွင် ဆောင်းဦးရာသီ ကောက်ရိတ်သိမ်းမှုကို စွမ်းအားပြည့်ဆောင်ရွက်လျက်ရှိသည်။ ညချမ်းအချိန်အခါ ကောက်ရိတ်သိမ်းမှုကို အချိန်နှင့်တပြေးညီ လျင်လျင်မြန်မြန်လုပ်ဆောင်နိုင်ရန်အတွက် ဒရုန်းအဖွဲ့တစ်ဖွဲ့သည် မိုဘိုင်းဘက်ထရီများကို ကောင်းကင်ယံသို့ သယ်ဆောင်ကာ မီးထွန်းလင်းစေခဲ့သည်။ (Xinhua) …………………………………….. (English Version) Drones light up...