ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ Long March ဒုံးပျံစီးရီးသည် အင်တာနက်ဂြိုဟ်တုများကို ဂြိုဟ်ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ ဖြန့်ကြက်ပို့ဆောင်နိုင်ခဲ့ခြင်းဖြင့် ၎င်း၏အကြိမ် ၆၀၀ မြောက် အာကာသသို့လွှတ်တင်မှုကို အောက်တိုဘာ ၁၇ ရက်တွင် အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ၏ ကျောရိုးပင်မဂြိုဟ်တုလွှတ်တင်ရေးယာဥ်များအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် Long...
ထျန်းကျင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် ခုနစ်ကြိမ်မြောက် တရုတ်ရဟတ်ယာဉ်ပြပွဲကို အောက်တိုဘာ ၁၆ ရက်က စတင်ဖွင့်လှစ်ခဲ့ရာ တိုးချဲ့ထည့်သွင်းထားသည့် ဝေဟင်နိမ့်စီးပွားရေး ပြခန်းဧရိယာတစ်ခု ပါဝင်သကဲ့သို့ စစ်ဘက်နှင့် အရပ်ဘက်သုံး ရဟတ်ယာဉ်အများအပြားနှင့် အခြား ဝေဟင်နိမ့်ပျံသန်းရေး လေယာဉ်အမျိုးအစားများကိုလည်း ပွဲဦးထွက် မိတ်ဆက်ပြသခဲ့ကြောင်း...
ကွမ်ကျိုး၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့တွင် ၁၃၈ ကြိမ်မြောက် ကွမ်ကျိုးကုန်စည်ပြပွဲကို အောက်တိုဘာ၁၅ ရက်က ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ကုန်စည်ပြပွဲတွင် ဝန်ဆောင်မှုစက်ရုပ်များဇုန်ကိုလည်း ထည့်သွင်းခဲ့ပြီး လူပုံစံတူစက်ရုပ်များ၊ အရိုးငြမ်းစက်ရုပ်များ၊ ကင်းလှည့်စက်ရုပ်အလုံးများ စသည့် နောက်ဆုံးပေါ် တီထွင်ဆန်းသစ်မှုများကို ခင်းကျင်းပြသလျက်ရှိကြောင်း...
ဘူဒါပက်စ်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ကမ္ဘာ့ရေပေါ်ရေအောက်အားကစားအဖွဲ့ချုပ် (World Aquatics) သည် ၂၀၂၆ ခုနှစ် အလှပြရေကူး ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် တိုက်ကြီးလေးခုရှိ မြို့ကြီးငါးမြို့ကို အောက်တိုဘာ ၁၆ ရက်က ကြေညာခဲ့ပြီး စူပါဖိုင်နယ်ပြိုင်ပွဲကို ကနေဒါနိုင်ငံ တိုရွန်တိုမြို့၌ ကျင်းပရန် စီစဉ်ထားသည်။...
ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် “သဘာဝတရား၏ လုပ်ငန်းစဉ်များကို အပြည့်အဝအသုံးချခြင်း” (“ထျန်းကုန်းခိုင်းဝု”) အမည်ရှိ အကပြဇာတ်၏ ၁၀၀ ကြိမ်မြောက် ဖျော်ဖြေတင်ဆက်မှုအတွက် ဇာတ်သိမ်းခန်းနှုတ်ဆက်ချိန်အတွင်း စက်ရုပ်များသည် လူသားများနှင့်အတူ ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ (Xinhua) #DanceDrama #TianGongKaiWu #Robots #အကပြဇာတ် #စက်ရုပ်များ …………………………………….....
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့၏ မြို့လယ်စည်ကားသော လမ်းများပေါ်က ကားဟွန်းသံများနှင့် လမ်းသွားလမ်းလာ ပြည်သူများအကြားတွင် ပန်းချီ အနုပညာရှင် ကိုတင့် (အသက် ၆၁ နှစ်) သည် ၎င်း၏ ခြေချောင်းကလေးများဖြင့် ရင်သပ်ရှုမောဖွယ် ကျေးလက်ဒေသပုံရိပ် ပန်းချီများကို အရောင်စုံလင်စွာဖြင့် ရေးဆွဲပြသလျက်ရှိသည်။...
ရှီးအန်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) အရှိန်အဟုန်ဖြင့် စီးဆင်းနေသော မြစ်ကြောတစ်လျှောက် ဖြတ်သန်းသွားလာရန် ကြိုးစားနေပုံပေါ်သည့် တောရိုင်းပန်ဒါဝက်ဝံကြီးတစ်ကောင်ကို တွေ့ရှိခဲ့ကြသည်။ သို့သော် တစ်ဟုန်ထိုးစီးဆင်းနေသောရေများကြောင့် ၎င်း၏ ကြိုးစားအားထုတ်မှုကို စွန့်လွှတ်ခဲ့ရသည်။ (Xinhua) …………………………………….. (English Version) Wild giant panda tries to...
တရုတ်ပြည်တွင်းထုတ် လှိုင်းခွင် 90GHz (၉၀ ဂစ်ဂါဟက်ဇ်) ရှိ စွမ်းဆောင်ရည် အလွန်မြင့်မားသော အော်စီလိုစကုပ်ကို အောက်တိုဘာ ၁၅ ရက်က တရားဝင် မိတ်ဆက်ပြသခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ အီလက်ထရောနစ် ဆက်သွယ်ရေးကဏ္ဍတွင် သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့သည်။ (Xinhua) ……………… (English Version) China’s homegrown 90GHz...
ရွှေ့ပြောင်းငှက်များအတွက် “ဝေဟင်အသိုက်အမြုံများ” ဖြစ်သည်။ တရုတ်နိုင်ငံ ရှင်းကျန်းဒေသတွင် လျှပ်စစ်ဝန်ထမ်းများက ဒရုန်းများအသုံးပြု၍ ငှက်သိုက်များကို လျှပ်စစ်တာဝါတိုင်များပေါ်တွင် နေရာချထားပေးလျက်ရှိသည်။ ယင်းသို့လုပ်ဆောင်ခြင်းက ငှက်များအတွက် အန္တရာယ်ရှိ ဝါယာကြိုးများနှင့် လွတ်ကင်း၍ တည်ငြိမ်သည့် ကွန်းခိုရာနေရာတစ်ခုကို ဖန်တီးပေးကာ ဓာတ်အားလိုင်းများကို အသက်ကယ် ခရီးတစ်ထောက်နားရာ ရိပ်မြုံများအဖြစ် ပြောင်းလဲပေးလျက်ရှိသည်။ (Xinhua) ………………. (English...
လန်ဒန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ချဲလ်ဆီးအသင်းနည်းပြ အန်ဇို မာရက်စကာမှာ ယခုလအစောပိုင်းက လီဗာပူးလ်အသင်းအား အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ထုတ်ပယ်ခံရမှုအတွက် တစ်ပွဲပယ်ပြစ်ဒဏ် ကျခံရမည်ဖြစ်သလို ဒဏ်ကြေးအဖြစ်လည်း ပေါင် ၈,၀၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ ထိုပွဲစဉ်၌ ပွဲကစားချိန် ၉၅ မိနစ်တွင် ချဲလ်ဆီးကစားသမား အီစတေဗို...