ဝါရှင်တန်၊ မတ် ၁၄ ရက် (ဆင်ဟွာ) ဟော်မုဇ်ရေလက်ကြားတွင် အီရန်က စတင်၍ ရေမြှုပ်မိုင်းထောင်နေပြီဟု အမေရိကန် အရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း The New York Times သတင်းစာ၏ မတ် ၁၂ ရက် သတင်းများအရ သိရသည်။ ထိုသို့မိုင်းထောင်ထားပြီးဖြစ်သည်ဟု ပြောကြားချက်ကိုမူ အီရန်ဘက်က ငြင်းဆိုထားသည်။...
ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၆-၂၀၃၀) ၏ ပထမဆုံးနှစ်ကို စတင်လိုက်သည်နှင့်အမျှ နည်းပညာ ဆန်းသစ်တီထွင်မှု၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုနှင့် အဆင့်မြင့် တံခါးဖွင့်လှစ်မှုကဲ့သို့သော ဦးစားပေးအရာများက ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းသစ်များကို ဖန်တီးပေးနိုင်ကြောင်း စောင့်ကြည့်လေ့လာသူများက ပြောကြားခဲ့သည်။ (Xinhua)...
ယူနန်၊ မတ် ၁၄ ရက် (ဆင်ဟွာ) နွေဦးရာသီကာလတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချူရှုန် ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ဝူတိန့်ခရိုင် ကျီရီးလျှိုမြောင်အက်ကွဲကြောင်းကြီးတွင် သစ်တော်ပန်း၊ ငှက်ပျောပန်း၊ သော်ကပန်း စသည့် တောင်ပေါ်တောပန်းလေးများ အလျှိုလျှို ပွင့်လန်းလာသည်။ ဒေသခံလူထုအတွက်လည်း လတ်ဆတ်သောပန်းများ ခူးဆွတ်သည့်အချိန်အခါကောင်းသို့ ရောက်ရှိလာပြီဖြစ်သည်။ လူအများက...
ယူနန်၊ မတ် ၁၄ ရက် (ဆင်ဟွာ) ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက စတင်ဖွင့်လှစ်ချိန်မှစ၍ တရုတ်-လာအို ရထားလမ်း၏ နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှုပမာဏသည် စဉ်ဆက်မပြတ်တိုးတက်လာပြီး ယခုနှစ် မတ်လ ၁၀ ရက်အထိ စုစုပေါင်း နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှုပမာဏမှာ တန်ချိန် ၁၈ သန်းကျော် ရှိလာကြောင်း China...
စိန်ရန်၊ မတ် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ်ရှိ သန်းတုန်းမြို့နှင့် မြောက်ကိုရီးယားနိုင်ငံ (DPRK) ၏ မြို့တော်ပြုံယမ်းတို့ကို ချိတ်ဆက်ပေးသော နိုင်ငံတကာ ခရီးသည်တင်ရထားကို မတ် ၁၂ ရက်တွင် စတင်ပြေးဆွဲလိုက်ကြောင်း သိရသည်။ ခရီးသည်တင်ရထားတွဲငါးတွဲပါဝင်သည့် အဆိုပါရထားက နယ်စပ်မြို့ သန်းတုန်းမှ...
ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပြည်လုံးဆိုင်ရာ ဥပဒေပြုအဖွဲ့ဖြစ်သည့် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) စတုတ္ထအကြိမ် အစည်းအဝေး၏ အပိတ်အစည်းအဝေးအား မတ် ၁၂ ရက်က ကျင်းပခဲ့သည်။ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ ကျင်းပခဲ့သည့် အဆိုပါ အစည်းအဝေး၌ တရုတ်နိုင်ငံ...
တီဟီရန်၊ မတ် ၁၄ ရက် (ဆင်ဟွာ) အီရန် သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်က အမေရိကန်နှင့် အစ္စရေးကြောင့် ဖြစ်ပွားသည့် ဤတိုက်ပွဲကို အဆုံးသတ်မည့် တစ်ခုတည်းသောနည်းလမ်းမှာ အီရန်၏ တရားဝင် အခွင့်အရေးကို အသိအမှတ်ပြုရန်၊ လျော်ကြေးပေးရန်နှင့် အီရန်အပေါ် ထပ်မံကျူးကျော်မှုမဖြစ်ပွားအောင် နိုင်ငံတကာအသိုက်အဝန်းက ခိုင်ခိုင်မာမာ အာမခံရန် ဖြစ်ကြောင်း...
ယူနန်၊ မတ် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ဝူလျန့်တောင် အမျိုးသားသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဇုန်တွင် လတ်တလောရက်ပိုင်းက နိုင်ငံတော် အဆင့် (၁) ကာကွယ်ထိန်းသိမ်းထားသော တောရိုင်းတိရစ္ဆာန် အင်ဒိုချိုင်းနား မျောက်မျက်ကွင်းဖြူလေးများ လှုပ်ရှားသွားလာနေသည့် အဖိုးတန်ဗီဒီယိုမှတ်တမ်းကို အနီးကပ် ရိုက်ကူးရရှိခဲ့သည်။ ၎င်းအနက် မွေးကင်းစ ရွှေဝါရောင် မျောက်သားပေါက်လေးက...
ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ပဋိပက္ခအတွင်း တိုက်ရိုက်ပါဝင်ပတ်သက်သူများအပါအဝင် အီရန်အရေးနှင့် ဆက်စပ်သည့် ဘက်အသီးသီးနှင့် ဆက်ဆံရေး ဆက်လက်ခိုင်မာအောင် လုပ်ဆောင်မည်ဖြစ်ကာ တင်းမာမှုများ လျှော့ချရေးနှင့် ငြိမ်းချမ်းရေးပြန်လည်ထိန်းသိမ်းရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မတ် ၁၁ ရက်၌ ပြောကြားခဲ့သည်။...
နယူးယောက်၊ မတ် ၁၄ ရက် (ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) အဖွဲ့ဝင်နိုင်ငံများက မဟာဗျူဟာမြောက် ရေနံအရန်သိုလှောင်မှု ထုတ်ပေးမည့်သတင်းကို ဈေးကွက်က ထည့်သွင်းတွက်ချက် တုံ့ပြန်ပြီးဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံသူများက ဟော်မုဇ်ရေလက်ကြား ရေကြောင်းသယ်ယူပို့ဆောင်မှု ပြတ်တောက်ခြင်းအပေါ် ဆက်လက် အာရုံစိုက်လျက်ရှိရာ ကမ္ဘာ့ရေနံဈေးနှုန်းများ လှုပ်ခတ်မှု မြင့်မားလာသည်။ အမေရိကန်အရှေ့ပိုင်း စံတော်ချိန်...