ရန်ကုန်၊ ဩဂုတ်လ ၁၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း သြဂုတ် ၁၃ ရက် မွန်းလွဲ ၃ နာရီခန့်က ကမ်းပါးပြိုကျမှုကြောင့် လက်ကျင်းကျောက်တူးနေသူ ၃၀ ကျော် ရေကန်နွံအတွင်းနစ်မြုပ်ပျောက်ဆုံးလျက်ရှိကြောင်း ဖားကန့်မြို့မရဲစခန်းထံမှ သိရသည်။ “မနေ့က အလောင်း၂လောင်းပြန်ပေါ်တယ်၊ ကျန်တာတော့ ရှာမရသေးဘူး၊...
ချုံချင့် ၊ ဩဂုတ် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံချင့်မြို့၌ လူနေအဆောက်အအုံတစ်ခုအား ဖြတ်သန်းပြေးဆွဲသည့် တစ်လမ်းပြေးရထားသည် ခရီးသွားအများအပြားကို ဓာတ်ပုံရိုက်ကူးရန် ဆွဲဆောင်လျက် ရှိကြောင်း သိရသည်။ (Xinhua) …………………………. (English Version) Metro line running through residential building becomes...
ပေကျင်း ၊ ဩဂုတ် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှိ စားကောင်းသောက်ဖွယ် ရသာမွန်တစ်ခု ဖြစ်သည့် ယူနန်ပြည်နယ်က အရသာရှိသော မှိုဟင်းလျာ ချက်ပြုတ်ပုံအဆင့်ဆင့်အား ရိုက်ကူးထားသော ရုပ်သံဖိုင်ဖြစ်ပါသည်။ (Xinhua) ………………………. (English Version) Delicacy in China: Yunnan mushrooms Delicious mushroom...
ဟာအယ်ပင်း ၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဟိုင်လျင်မြို့၌ ရေဘေးသင့်နေရာများတွင် လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရေး ဆောင်ရွက်မှုများအတွင်း ရဟတ်ယာဉ်များ အသုံးပြုခဲ့ကြောင်း သိရသည်။ တိုင်ဖွန်းမုန်တိုင်း Doksuri သက်ရောက်မှုကြောင့် ဟိုင်လျင်မြို့ရှိ ဟိုင်လန့်မြစ်တစ်လျှောက် ဓာတ်အားပေးတာဝါတိုင်များ ဆိုးရွားစွာထိခိုက်ပျက်စီးခဲ့သည်။ သာမန်ဝန်တင်စက်ယန္တရားများ မရောက်ရှိနိုင်သည့် နေရာများတွင် ရဟတ်ယာဉ်များ၏...
လော့စ်အိန်ဂျလိစ် ၊ ဩဂုတ် ၁၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် Maui ကျွန်း၌ လောင်ကျွမ်းလျက်ရှိသည့် တောမီးကြောင့် သေဆုံးသူအရေအတွက်သည် ၉၃ ဦးထိ မြင့်တက်လာခဲ့ကြောင်း Maui ခရိုင်၏ ဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြချက်အရ သိရသည်။ အဆိုပါသေဆုံးသူအရေအတွက်သည် ခေတ်သစ်အမေရိကန်သမိုင်းတွင် ရာစုနှစ်တစ်ခုကျော်အတွင်း အသေအပျောက်အများဆုံးတောမီးလောင်ကျွမ်းမှုတစ်ခု ဖြစ်လာခဲ့ကြောင်း သိရသည်။...
ကူမင်း ၊ ဩဂုတ် ၁၄ ရက်(ဆင်ဟွာ) ကျောက်စိမ်းလုပ်ငန်းကြောင့် နာမည်ကျော်သည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်မြို့ဖြစ်သော ရွှေလီမြို့၌ တိုက်ရိုက်ထုတ်လွှင့်ရောင်းချမှုများက လက်ဝတ်ရတနာရောင်းဝယ်ရေးကို မြှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။ ကမ္ဘာ့အဓိက ကျောက်စိမ်းထုတ်လုပ်သူ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် ရွှေလီမြို့သည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် တရုတ်နိုင်ငံ၏ အကြီးဆုံး ကျောက်စိမ်းကုန်သွယ်မှု အချက်အချာနေရာများအနက်တစ်ခု...
ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) နေပြည်တော် ကောင်စီ လယ်ဝေးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးရမည်းသင်းမြို့နယ်နှင့်ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တို့တွင် ငွေကျပ် ၁၇၈၆.၈ သိန်း တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ နှင့် တရားခံဟုယူဆရသူ ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က ဩဂုတ် ၁၃ ရက်တွင်...
ဖူကျိုး ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ) ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်(BRI)တစ်လျှောက် နိုင်ငံများရှိ ပြည်သူများ၏ ကျန်းမာရေး မြှင့်တင်ရာတွင် တရုတ်ရိုးရာတိုင်းရင်းဆေး(TCM)၏ အခန်းကဏ္ဍအား ဖိလစ်ပိုင်ပညာရှင်တစ်ဦးက တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန့်ပြည်နယ် ဖူကျိုးမြို့၌ ဩဂုတ် ၁၁ ရက်တွင် ကျင်းပသည့် စာတမ်းဖတ်ပွဲတစ်ခု၌ ချီးကျူးပြောကြားခဲ့သည်။
ဗီယင်ကျန်း၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံကြား အာဆီယံ+ တရုတ် ၊ ဂျပန် နှင့် တောင်ကိုရီးယား (ASEAN+3) မူဘောင်အရ အရေးပေါ်ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတွင် ဩဂုတ် ၁၁ ရက်က ပြုလုပ်ခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) က မြန်မာ – ရုရှား တိုက်ရိုက်လေကြောင်းခရီးစဉ်သစ်ကို စက်တင်ဘာ ၅ ရက်တွင် စတင်ပျံသန်းပြေးဆွဲမည် ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းမှ တာဝန်ရှိသူက ဆင်ဟွာသို့ ပြောသည်။