ကွမ်ရှီး ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ) ကျန်းမာကြံ့ခိုင်ဖျတ်လတ်မှု နှင့် ကျက်သရေရှိမှုအား ပြသသည့်အနေဖြင့် တရုတ်နိုင်ငံတောင်ပိုင်း၌ ရေပြင်အထက် တိုင်များပေါ်တွင် တရုတ်ရိုးရာခြင်္သေ့အကသမားများသည် မကြာသေးမီက ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။ ပရိသတ်များကို အံ့အားသင့်စေခဲ့ပြီး ရေပြင်ထက် ဇာတ်ခုံအား သိမ်းပိုက်စိုးမိုးထားသည့်ကဲ့သို့ ၎င်းတို့၏ မယုံကြည်နိုင်လောက်သော လှုပ်ရှားမှုများကို ဖော်ပြပါရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။...
အစ္စတန်ဘူလ် ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ) တူရကီရဲတပ်ဖွဲ့က အစ္စတန်ဘူလ်မြို့၌ ပြီးခဲ့သည့်လတွင် သမိုင်းဝင်ရှေးဟောင်းပစ္စည်း မှောင်ခိုကုန်ကူးသူများကို စစ်ဆင်ရေး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ပြီး သမ္မာကျမ်းစာအုပ် နှင့် ဓမ္မဟောင်းကျမ်း မိတ္ထူများ နှင့် အကြွေစေ့ အများအပြားအား သိမ်းဆည်းရမိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဇူလိုင် ၁၄ ရက်တွင် ဖော်ပြခဲ့သည်။
ဂျကာတာ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) လက်ရှိအခြေအနေတွင် ဒေသတွင်းနိုင်ငံများအနေဖြင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့်လုံခြုံရေး၏ အနုတ်လက္ခဏာဆောင်သော အလာအလား ၃ ရပ်ကို အထူးသတိပြုရမည် ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိက အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် အလေးထားပြောကြားခဲ့သည်။
ဂျကာတာ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အဆင့်မြင့်သံတမန် ဝမ်ရိသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်း (Don Pramudwinai) နှင့် အင်ဒိုနီးရှားနိုင်ငံ၌ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအရေးကိစ္စ အပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နယူးဒေလီ ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံတောင်ပိုင်း Andhra Pradesh ပြည်နယ် Sriharikota ဒေသရှိ Satish Dhawan အာကာသစင်တာမှ လွှတ်တင်ရေးယာဉ် Mark-3 ဒုံးပျံဖြင့် ဇူလိုင် ၁၄ ရက်တွင် Chandrayaan-3 ဟုခေါ်သည့် တတိယမြောက် လကမ္ဘာမစ်ရှင်အား လွှတ်တင်ခဲ့ကြောင်း အိန္ဒိယအာကာသသုတေသနအဖွဲ့အစည်း(ISRO)က...
ဖနွမ်းပင် ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံရှိ မျိုးပြုတ်မည့် အန္တရာယ်ရှိနေသည့် မဲခေါင်မြစ် ဧရာဝတီလင်းပိုင်များအား ကူညီကာကွယ် စောင့်ရှောက်ရေးအတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုသည် မရှိမဖြစ်လိုအပ်ကြောင်း အဆင့်မြင့်ကမ္ဘောဒီးယား တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ကျေးလက်ဒေသများတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အဆင့်မြှင့်တင်ရေးနှင့် ကျေးလက်ဒေသ ပြန်လည်ရှင်သန်တက်ကြွလာရေးအတွက် ယင်းဒေသများရှိ လျှပ်စစ်ဓာတ်အားလိုင်း အဆင့်မြှင့်တင်ရန် နိုင်ငံတစ်ဝန်းစီမံကိန်းများကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) က ဇူလိုင် ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၁၆ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဇွန်လအတွင်းခရီးသည်တင်မော်တော်ယာဉ် အစီးရေ ၂.၂၄ သန်းခန့် ရောင်းချခဲ့ရပြီး ယင်းအနက် အစီးရေ ၁.၂ သန်းမှာ ပြည်တွင်းအမှတ်တံဆိပ်များဖြစ်ကြောင်း၊ ပြည်တွင်းဈေးကွက်၏ ၅၃.၇ ရာခိုင်နှုန်းခန့် နေရာယူထားကြောင်း သိရသည်။
ဂျကာတာ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် ဇူလိုင် ၁၃ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက ပြီးခဲ့သည့်လတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံသို့...
လွန်ဖိန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကျင်းဆန်းလျင် မဟာတံတားကြီးတွင် ယခုရက်ပိုင်း မိုးထစ်ချုန်းရွာသွန်းမှုများကြောင့် မဟာတံတိုင်းကြီးနှင့်တောင်တန်းများအကြား တိမ်ပင်လယ်ဝန်းရံထားသော ပန်းချီကားပမာ နတ်ဗိမာန်အလား သာယာလှပသော ရှုမြင်ကွင်းများကို တွေ့မြင်နိုင်ပါသည်။ (Xinhua) ………………………. (Chinese Version) 河北滦平:云雾缭绕美如画 水墨长城金山岭 近日,金山岭长城阵雨天气不断,晨雾景观频频出现,风景如画,如遇仙境。 云雾时浓时淡,时近时远,漫无边际的云海萦绕在长城与山川之间,在崇山峻岭之间奔腾,犹如一幅水墨画卷。 记者:冯维健...