ပေကျင်း ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) Shenzhou-14 အာကာသယာဉ်မှူးများသည် တရုတ်နိုင်ငံ အာကာသစခန်း ထျန်းကုန်း(Tiangong)၏ မုန့်ထျန်း လက်တွေ့စမ်းသပ်ခန်း မော်ဂျူးသို့ နိုဝင်ဘာ ၃ ရက် ပေကျင်းစံတော်ချိန် မွန်းလွဲ ၃ နာရီ ၁၂ မိနစ်တွင် အောင်မြင်စွာဝင်ရောက်သွားခဲ့ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါနိုင်သောအာကာသအေဂျင်စီ...
ပေကျင်း ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) အောက်တိုဘာ ၃၁ ရက်တွင် မုန့်ထျန်း အာကာသလက်တွေ့စမ်းသပ်ခန်းကို လွှတ်တင်ပြီးနောက် တရုတ်နိုင်ငံ၏ အာကာသစခန်း ထျန်းကုန်း တည်ဆောက်မှုမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။ ထျန်းကုန်း ကို မော်ဂျူးသုံးခုပါရှိသော အမျိုးသားအာကာသလက်တွေ့စမ်းသပ်ခန်းအဖြစ် တည်ဆောက်ခြင်းသည် တရုတ်နိုင်ငံ၏ လူလိုက်ပါနိုင်သော အာကာသအစီအစဉ်...
လာဂို့စ် ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဆိပ်ကမ်းအင်ဂျင်နီယာလုပ်ငန်း ကုမ္ပဏီလီမိတက် (CHEC) သည် နိုင်ဂျီးရီးယားနိုင်ငံ၏ စီးပွားရေးအချက်ချာကျသည့် လာဂို့စ်မြို့၌ ပင်လယ်ရေကြောင်းစီမံကိန်းကြီး ပြီးမြောက်ခဲ့ပြီးနောက် နိုင်ဂျီးရီးယား၏ ပထမဆုံးပင်လယ်ရေနက်ဆိပ်ကမ်းအား အစိုးရအဖွဲ့ထံသို့ နိုဝင်ဘာ ၁ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ကဘူးလ် ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံသည် ချို့တဲ့နေသည့် စီးပွားရေးအား မြှင့်တင်ရာတွင် ငွေကြေးအကူအညီ နောက်ထပ်အမေရိကန်ဒေါ်လာသန်း ၄၀ အား နိုဝင်ဘာ ၁ ရက်တွင် လက်ခံရရှိခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ဗဟိုဘဏ် Da Afghanistan ဘဏ်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ကိုပင်ဟေဂင် ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ် လျှပ်စစ်မော်တော်ကား ထုတ်လုပ်သူများသည် ဒိန်းမတ်နိုင်ငံတွင် ဖွင့်လှစ်ခဲ့သော Plug-in ပေါင်းစပ်လျှပ်စစ်ယာဉ် နှင့် လျှပ်စစ်ကားများပြပွဲတွင် ဥရောပစျေးကွက်၏ အလားအလာကို စိတ်ဝင်တစားစောင့်ကြည့်သူများ၌ ပါဝင်လျက်ရှိသည်။ (Xinhua)
ဂူဂျာရတ်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် အောက်တိုဘာ ၃၀ ရက်က တံတားတစ်စင်း ရုတ်တရက်ပြိုကျမှု ဖြစ်ပွားခဲ့ရာ လက်ရှိအချိန်အထိ အနည်းဆုံး လူ ၁၃၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua) #India #Bridge #Collapse #Xinhua...
ကျိုချွမ်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-2C သယ်ဆောင်ရေးဒုံးပျံဖြင့် “Shiyan-20 C” ဂြိုဟ်တုကို အောက်တိုဘာ ၂၉ ရက် ဒေသစံတော်ချိန် ၉ နာရီ ၀၁ မိနစ်တွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး ၎င်းဂြိုဟ်တုသည် ကြိုတင်သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့...
စီချွမ်း ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်ကုမ္ပဏီမှ ကိုယ်တိုင်တီထွင်ထုတ်လုပ်ထားသော အင်ဂျင်လေးလုံးတပ် အရွယ်အစားကြီးမားသော မောင်းသူမဲ့လေယာဉ်၏ ပထမဆုံး ပျံသန်းမှုကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၌ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ (Xinhua)
ဆိုးလ်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အီထယ်ဝန်ခရိုင်၌ အောက်တိုဘာ ၂၉ ရက် ညပိုင်းတွင် ဟောလိုးဝင်းပွဲတော် လူစုဝေးမှုအတွင်း လူအုပ်ပိမှုဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံသား လေးဦး သေဆုံးခဲ့ပြီး အခြားနှစ်ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံရှိ တရုတ်နိုင်ငံသံရုံးက အောက်တိုဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
Hajjah ပြည်နယ်၊ ယီမင်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံ Hajjah ပြည်နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းသည် တိုက်ပွဲအတွင်း ပျက်စီးသွားခဲ့ရာ ကျောင်းသားမိဘများ၏ ကူညီမှုဖြင့် အဆိုပါကျောင်းမှ ဆရာများနှင့် ကျောင်းသားများက ယာယီတဲ၊ သက်ကယ်တဲ၊ ပျဉ်ထောင်အိမ် ၁၁ လုံး ဆောက်လုပ်ခဲ့ကြပြီး ယင်းယာယီစာသင်ခန်းများတွင် ဆက်လက်ပညာသင်ကြားလျက်ရှိကြောင်း...