ချုံချင့်၊ ဇွန် ၄ ရက် (ဆင်ဟွာ) ဇွန် ၁ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ အထိမ်းအမှတ်အဖြစ် ဒရုန်းထောင်ပေါင်းများစွာသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ချုံချင့်မြို့ကောင်းကင်ယံကို လင်းလက်တောက်ပစေခဲ့ပြီး ငယ်ဘဝအမှတ်တရ ရုပ်ပုံများဖြင့် တက်ကြွသော ပြကွက်များကို ဖန်တီးပုံဖော်ပေးခဲ့သည်။ (Xinhua) …………………………………….. (English Version)...
ဝူဟန့်၊ ဇွန် ၄ ရက် (ဆင်ဟွာ) အိမ်မွေးတိရစ္ဆာန်စက်ရုပ်များ၊ အလှပြင်စက်ရုပ်များ၊ ဂီတပညာရှင်စက်ရုပ်များ စသည့် စက်ရုပ် ၁၀၀ နီးပါး ပါဝင်သော စက်ရုပ်ကာနီဗယ်ပွဲတော်ကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲပေပြည်နယ် ဝူဟန့်မြို့တွင် ဇွန် ၂ ရက်က ကျင်းပပြုလုပ်ခဲ့သည်။ နည်းပညာဖြင့် အားဖြည့်ထားသော လူမှုဘဝ၏ နှစ်လိုဖွယ်ဆွဲဆောင်မှုကို...
အက်သလက်တီကိုမက်ဒရစ်အသင်း၏ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အန်တိုနီ ဂရီးဇ်မန်းမှာ ၂၀၂၇ ခုနှစ် ဇွန်လကုန်အထိ အသင်း၌ ဆက်ရှိနေမည့် သက်တမ်းတိုးစာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့သည်။ “ပြင်သစ်ကစားသမား အန်တိုနီ ဂရီးဇ်မန်းဟာ ၂၀၂၇ ခုနှစ် ဇွန် ၃၀ ရက်အထိ စာချုပ်သက်တမ်းတိုးဖို့ အသင်းနဲ့ ကစားသမားကြား သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်” ဟု...
မန်ချက်စတာစီးတီး ကွင်းလယ်ကစားသမား မတ်တီယို ကိုဗာချစ်မှာ သီတင်းနှစ်ပတ်နီးပါးအကြာတွင် ယှဉ်ပြိုင်ကစားမည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအား လွဲချော်မည်ဖြစ်ကြောင်း အသင်းဘက်က အတည်ပြုပြောကြားခဲ့သည်။ ပက်ပ်ဂွါဒီယိုလာ၏ အသင်းအနေဖြင့် ဖီလာဒဲလ်ဖီးယားမြို့တွင် ဇွန် ၁၈ ရက်၌ မော်ရိုကိုကလပ် Wydad AC နှင့် ပွဲဦးထွက် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ကိုဗာချစ်မှာ ခြေဖနောင့်ကြောဒဏ်ရာအား ခွဲစိတ်ကုသမှု ခံယူထားသည့်အတွက်...
အစ္စတန်ဘူလ်၊ ဇွန် ၄ ရက် (ဆင်ဟွာ) ရုရှား-ယူကရိန်း နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂ ရက်တွင် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ရုရှား-ယူကရိန်း ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးနှင့် စပ်လျဉ်း၍ ကျင်းပသော ဒုတိယအကြိမ် တိုက်ရိုက်စေ့စပ်ညှိနှိုင်းမှု ပြီးဆုံးခဲ့သည်။ ကျဆုံးပြီးသော စစ်သည်ရုပ်အလောင်းများကို လဲလှယ်ရန် ရှေ့တန်းတချို့ဒေသများတွင်...
ပေကျင်း၊ ဇွန် ၄ ရက် (ဆင်ဟွာ) ဗီဇာကင်းလွတ်ခွင့် “အမည်စာရင်း” အဆက်မပြတ် များပြားလာခြင်းက ပြည်ပသို့ အဆင့်မြင့်တံခါးဖွင့်လှစ်မှု စဉ်ဆက်မပြတ် တွန်းအားပေးရေးအတွက် တရုတ်နိုင်ငံ၏ ခိုင်မာသော သန္နိဋ္ဌာန်ကို ထင်ရှားစေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဇွန် ၃ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ပြည်ဝင်ခွင့်မူဝါဒများကို...
ခရီးသွားဧည့်သည် ၂၀၀ ကျော် လိုက်ပါလာသည့် ပထမဆုံးသော တရုတ်-ဗဟိုအာရှ ယဉ်ကျေးမှုခရီးစဉ် ရထားမှာ နှစ်ရက်ကြာ ခရီးနှင်ပြီးနောက် ကာဇက်စတန်နိုင်ငံ အယ်လ်မာတီမြို့သို့ ဆိုက်ရောက်လာခဲ့သည်။ ရှီးအန်းမြို့မှ ထွက်ခွာလာသည့် အဆိုပါရထားမှာ မေ ၃၁ ရက်က တရုတ်နိုင်ငံ ရှင်းကျန်းဒေသရှိ ဟော့အယ်ကောစစ် နယ်စပ်စခန်းမှတစ်ဆင့် နယ်စပ်ကိုဖြတ်ကျော်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ နိုင်ငံတကာရထား...
ရှန်ဟိုင်း၊ ဇွန် ၃ ရက် (ဆင်ဟွာ) ကားပစ္စည်း အစိတ်အပိုင်းများကို တံဆိပ်ကပ်ခြင်း၊ အထုပ်အပိုးများကို ကိုင်တွယ်ဆောင်ရွက်ခြင်းမှသည် ထုတ်ကုန်ပစ္စည်းများအား စကင်န်ဖတ်ခြင်းအထိ လုပ်ဆောင်နိုင်ပြီး ဘောလုံးကစားခြင်းကိုပင် စွမ်းဆောင်နိုင်သော တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့က လူပုံစံတူ စက်ရုပ်များ၏ စွမ်းရည်ပြိုင်ပွဲကို စူးစမ်းလေ့လာရန် ဤရုပ်သံဖိုင်ကို ကြည့်ရှုနိုင်သည်။ (Xinhua) …………………………………….. (English...
ရှစ်ဆောင်ပဏ္ဏား၊ ဇွန် ၃ ရက် (ဆင်ဟွာ) အာရှဆင်လေးများသည် စပျစ်နွယ်ပင်များ၊ ရွှံ့ရေချိုးကန်များနှင့် ရေအိုင်ငယ်များတွင် မည်ကဲ့သို့ ပျော်ရွှင်စွာ ဆော့ကစားရမည်ကို သိရှိကြသည်။ (Xinhua) ……………………… (English Version) Playful childhood of Asian elephants in SW China Tugging...
ဘာစီလိုနာအသင်း တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးက ၎င်းအနေဖြင့် ထိပ်တန်းအဆင့်၌ ဆက်လက်ကစားနိုင်စွမ်း ရှိသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပြီး အသင်း၌ ၎င်း၏ကစားသမားဘဝကို မည်သည့်အချိန်တွင် အဆုံးသတ်မည်ကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။ အသက် ၃၆ နှစ်အရွယ် လီဝန်ဒေါစကီးမှာ ဘာစီလိုနာအသင်း လာလီဂါဆုဖလားနှင့် စပိန်ဘုရင့်ဖလားတို့ကို ဆွတ်ခူးခဲ့စဉ်က အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး...