ဆော်ပိုလို၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မျိုးဆက်လမ်းကြောင်း နှင့် ယင်းကဲ့သို့သော စွမ်းအင်အရင်းအမြစ်များကို နိုင်ငံအတွင်းအသုံးပြုမှုသည် ရေရှည်တည်တံ့သည့် အနာဂတ် သို့ ဦးတည်သည့် မှန်ကန်သည့်လမ်းကြောင်းတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ ဆိုလာစွမ်းအင်သုံးဓါတ်ခဲများနှင့် လျှပ်စစ်မော်တော်ယာဉ်များထုတ်လုပ်သည့်လုပ်ငန်းဖြစ်သည့် Build Your Dreams (BYD) ကုမ္ပဏီက ဘရာဇီးနိုင်ငံအတွက် ကူညီထောက်ပံ့လျက်ရှိကြောင်းသိရသည်။...
ကဘူးလ်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ပြီးခဲ့သည့်သောကြာနေ့တွင် အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒါဟာပြည်နယ်၏ မြို့တော် ကန်ဒါဟာ ရှိ ဗလီတစ်ခု အတွင်းအသေခံဗုံးဖောက်ခွဲမှုကြောင့် သေဆုံးသူဦးရေမှာ ၄၇ ဦးအထိရှိလာခဲ့ပြီး ဒဏ်ရာရရှိသူဦးရေ မှာ ၉၀ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဒေသအာဏာပိုင်များက စနေနေ့တွင် အတည်ပြုခဲ့သည်။ ဒေသတွင်းအစိုးရ ယဉ်ကျေးမှုနှင့်...
ကျန်းကျိုး၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဒုတိယ အရှည်ဆုံးမြစ်ကြီးတစ်စင်းဖြစ်သည့် မြစ်ဝါမြစ်ပေါ်တွင်တည်ဆောက်ထားသော ရှောင်လန်တီရေလှောင်တမံသည် ရေလွှမ်းမိုးသည့်ကာလအတွင်း ရေပိုများစွန့်ထုတ်မှုပြုလုပ်ခဲ့သည်။ ပြီးခဲ့သော စက်တင်ဘာ ၂၇ ရက်နေ့ကတည်းက အဆက်မပြတ်မိုးရွာသွန်းမှုများကြောင့် မြစ်ဝါမြစ်တွင် ရေလွှမ်းမိုးမှု ၃ ကြိမ်ကြုံတွေ့ခဲ့ရသည်။ ရေလှောင်တမံ ၏ရေအမှတ်မှာ ရေလှောင်တမံကို စတင်တည်ဆောက်ပြီးကတည်း က...
တီဟီရန်၊အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) အီရန်နိုင်ငံသည် နိုင်ငံမြောက်ပိုင်းSemnan ပြည်နယ်၌ ဗုဒ္ဓဟူးနေ့က ပြုလုပ်သော လေကြောင်းရန်ကာကွယ်ရေးလေ့ကျင့်မှုအတွင်း ခေတ်မီ ပြည်တွင်းဖြစ် လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ထည့်သွင်း စမ်းသပ်ခဲ့ကြောင်း ပြည်တွင်းမီဒီယာ IRNA က သတင်းထုတ်ပြန်သည်။ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) အပါအဝင်အီရန်နိုင်ငံစစ်တပ်မှ တပ်ဖွဲ့ဝင်များက အင်္ဂါနေ့တွင် “နိုင်ငံ၏ဝေဟင်ပိုင်နက်အားခုခံကာကွယ်သူများ၏ လေ့ကျင့်မှု၁၄၀၀”ဟု...
ကူမင်း၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းမှ လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းသို့ ချိတ်ဆက်ထားသော အရှည် ၁,၀၀၀ ကီလိုမီတာရှိ ရထားလမ်းသည် အင်္ဂါနေ့က နောက်ဆုံး ရထားသံလမ်းပိုင်း ခင်းကျင်းနိုင်ခြင်းနှင့်အတူ ရထားလမ်းချိတ်ဆက်မှု ပြီးစီးခဲ့ကြောင်း သိရသည်။
ယူနန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ်သည် သက်ရှိသက်မဲ့ ဇီဝမျိုးစုံမျိုးကွဲများပေါကြွယ်ဝသည့်ပြည်နယ်တစ်ခုဖြစ်ရာ ကမ္ဘာ့ဥယျာဉ်တစ်ခုသဖွယ်တင်စားခေါ်ဝေါ်နိုင်ပေသည်။ ပြီးခဲ့သည့်တနင်္လာနေ့က ယူနန်ပြည်နယ် ကူမင်းမြို့၌ ကုလသမဂ္ဂဇီဝမျိုးကွဲဆိုင်ရာ အရေးပါသည့် ထိပ်သီးအစည်းအဝေးတစ်ခုကို ကျင်းပခဲ့ပြီး ကမ္ဘာကြီးပေါ်တွင် သက်ရှိများအားလုံးအတွက် အတူမျှဝေနိုင်သည့် အနာဂတ်တစ်ခု တည်ဆောက်ဖော်ဆောင်ရန် နိုင်ငံများအားလုံး ဘုံ သဘောတူညီချက်ကိုရှာဖွေမည့် စင်္ကြံတစ်ခုကို...
ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံထံလှူဒါန်းပေးအပ်သော ကိုဗစ်-၁၉ Vaccine အကြိမ်ရေ (Doses) ၂ သန်း ထဲမှ ပထမဆုံးအသုတ် Doses ၁ သန်းသည် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen...
ကူမင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးကွဲများ ကာကွယ်မှုမြှင့်တင်ရေး ကုလသမဂ္ဂ အဓိကအစည်းအဝေးတွင် ကမ္ဘာပေါ်ရှိ သက်ရှိအာလုံးပါဝင်သော အသိုက်အဝန်းတစ်ခု တည်ဆောက်ရန် ကြိုးပမ်းအားထုတ်မှုများအတွက် အောက်တိုဘာ ၁၂ ရက်က တိုက်တွန်းပြောကြားခဲ့သည်။ “ဇီဝမျိုးကွဲများကို ကာကွယ်ခြင်းဟာ ကမ္ဘာမြေကြီး၊ ကျွန်တော်တို့ရဲ့...
ဟူစတန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စုတက္ကဆက်ပြည်နယ်ရှိ အယ်လင်တန်လေဆိပ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဟူစတန်လေကြောင်းပြပွဲကိုပြီးခဲ့သည့်စနေနေ့တွင်ကျင်းပခဲ့သည်။ ၂ ရက်တာကျင်းပခဲ့သည့်လေကြောင်းပြပွဲအတွင်း အမေရိကန်ပြည်ထောင်စုလေတပ်မှ လေကြောင်းသရုပ်ပြယာဉ်များ (U.S. Air Force Thunderbirds)နှင့် ကနေဒါလေတပ်မှ လေကြောင်းသရုပ်ပြယာဉ်များ (Canadian Forces Snowbirds)၏ လေကြောင်းသရုပ်ပြသမှုများကို ရိုက်ကူးထားသည့်ရုပ်သံဖိုင်ဖြစ်ပါသည်။ (Xinhua) …………………………...