နယူးယောက်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု ရှိ ပြည်နယ် ၄ ခုတွင် တွေ့ရသည့် အဖြူရောင်အမြီးရှိသော ဒရယ် ၄၀ရာခိုင်နှုန်း ခန့် ၏ သွေးရည်ကြည်များတွင် ကိုရိုနာဗိုင်းရပ်စ် အား ကာကွယ်နိုင်သည့် ပဋိပစ္စည်း များရှိနေသည်ကို တွေ့ရှိရကြောင်း မကြာသေးမီက အမေရိကန်ဖယ်ဒရယ် စစ်တမ်းကောက်ယူမှုများအရသိသည်။...
ရှန်ဟိုင်း၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) “Pioneer I” ဟုအမည်ပေးထားသည့် တရုတ်နိုင်ငံ၏ ရေနက်ပိုင်းသတ္တု တူးဖော်ရေးယာဉ်သည် မကြာသေးမီက တောင်တရုတ်ပင်လယ်ပြင် Xisha ဒေသ၌ ရေအောက်အနက် မီတာပေါင်း ၁,၃၀၀ အထိဆင်းသက်၍ စမ်းသပ်တူးဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါယာဉ်အား ရှန်ဟိုင်းကျားထုံ တက္ကသိုလ် အဏ္ဏဝါဗေဒအင်ဂျင်နီယာအဖွဲ့က ထုတ်လုပ်ခဲ့ပြီး ပင်လယ်ကြမ်းပြင်၌...
ယန်ကျိုး၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းကျန်းစုပြည်နယ် မြို့တော် ယန်ကျိုးတွင် မြို့လုံးကျွတ် နျူကလစ်အက်ဆစ် စစ်ဆေးမှုတိုးမြှင့်နိုင်ရန်ရည်ရွယ်ကာ ယန်ကျိုးနိုင်ငံတကာ ပြပွဲ စင်တာ၌ လေပူဖောင်း စစ်ဆေးရေးဓါတ်ခွဲခန်းနှစ်ခုအားအမြန်တည်ဆောက်ခဲ့ကြောင်းသိရသည်။
ဟယ်လ်ဆင်ကီး၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မှ ထုတ်လုပ်သည့် အသစ်စက်စက် လျှပ်စစ်ဘတ်စ်ကားများကို ဖင်လန်နိုင်ငံ ဟယ်လင်ဆင်ကီးမြို့တွင် လာမည့် သီတင်းပတ်မှစတင်ကာ တရားဝင်စတင်ပြေးဆွဲတော့မည်ဟုသိရသည်။
အေသင်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ဂရိနိုင်ငံတွင် တောမီးလောင်ကျွမ်းမှုကြောင့် ပြီးခဲ့သည့်တနင်္လာနေ့တွင် သေဆုံးသူ ၂ ဦးရှိခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် တောမီးလောင်ကျွမ်းမှုဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်းသိရသည်။ ဂရိနိုင်ငံအလယ်ပိုင်း ဖော်ကီဒါ ဒေသတွင် တောမီးလောင်ကျွမ်းမှုအနီး မြေတူးစက်မောင်းနှင်သူတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဆေးရုံမှထုတ်ပြန်သည်။ အသက် ၇၀နှစ်အရွယ် ရှိ အဆိုပါအမျိုးသားသည် ထိုဒေသတွင်မီးအတားအဆီးများကို မြေတူးစက်ဖြင့်...
ထျန်းကျင်း၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးတရုတ်နိုင်ငံအတွက် ရွှေတံဆိပ်ဆုများဆွတ်ခူးပေးခဲ့ကြသည့် အားကစားသမားများအားဂုဏ်ပြုသောအားဖြင့် ထျန်းကျင်းမြို့၌ ဒရုန်းအစင်းရေပေါင်း ၁,၀၀၀ ကျော်ဖြင့် ပျံဝဲပုံဖော်ကာဂုဏ်ပြုခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံက တိုကျိုမြို့သို့ အဖွဲ့ဝင် ၇၇၇ ဦးပါဝင်သည့် အားကစားအဖွဲ့ကို စေလွှတ်ခဲ့ပြီး ယင်းမှာ နိုင်ငံရပ်ခြားအားကစားပြိုင်ပွဲများသို့ အားကစားသမားအများဆုံး စေလွှတ်ခြင်းလည်းဖြစ်သည်။...
ဖူးကျိုး၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန့်ပြည်နယ်အတွင်း ဖူကျိုးမြို့နှင့်ရှမန်မြို့တို့အား ချိတ်ဆက်ပြေးဆွဲမည့် ပင်လယ်ကူး မြန်နှုန်းမြင့်ရထားလမ်းပိုင်းရှိ အဓိက တံတားကြီး ၏ အခြမ်းနှစ်ခြမ်းအား ပြီးခဲ့သည့်သောကြာနေ့က ချိတ်ဆက်ပြီးစီးခဲ့ကြောင်းသိရသည်။ Quanzhou ပင်လယ်အော် ဖြတ်ကူး တံတားကြီးသည် ၂၇၇ ကီလိုမီတာအရှည်ရှိ ဖူကျိုး-ရှမန် အမြန်ရထားလမ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။...
ကာဘူး၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) တာလီဘန် စစ်သွေးကြွများက အာဖဂန်နိုင်ငံတစ်ဝန်းရှိ အဓိက မြို့ကြီးများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် မြောက်ပိုင်း ကွန်ဒတ် ပြည်နယ် ၏ မြို့တော် ကွန်ဒတ်မြို့၊ မြို့တော်အနီးရှိ တက္ကာမြို့ နှင့် မြောက်ပိုင်း ဆာရီပေါပြည်နယ် ၏ မြို့တော်...
လာဆာ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) အချိန် ၃ နှစ်ကျော်ကြာ တည်ဆောက်ပြီးနောက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အကြီးဆုံးလေဆိပ်ကြီးအား စနေနေ့က စတင်အသုံးပြုလျက်ရှိကြောင်းသိရသည်။ ဝေဟင်ထက်မှကြည့်ရှုပါက ကြာပန်းကြီးတစ်ပွင့်သဏ္ဍာန်တည်ဆောက်ထားသည့် Lhasa Gonggar လေဆိပ်သည် ၂၀၂၅ ခုနှစ်အရောက်တွင် ခရီးသည်ပေါင်း ၉ သန်းနှင့်...
ဝူဟန့်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) COVID-19 တဖန်ပြန်လည်ဖြစ်ပွားမှုအား ထိရောက်စွာ တားဆီးကာကွယ်ရန် တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန့်မြို့၌ ပြည်သူ ၁၁.၂၃ သန်း ကျော်အား နျူကလစ်အက်ဆစ် စစ်ဆေးခြင်းအား ပြီးခဲ့သည့် သောကြာနေ့က အပြီးပြုလုပ်နိုင်ခဲ့ကြောင်းသိရသည်။ ထိုအထဲမှ ပြည်သူ ၁၀.၈၄ သန်း၏ နမူနာများရလဒ်များထွက်ရှိခဲ့ပြီးဖြစ်သည်။...