ဟဲပေ ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ်ရှိ Taihang တောင်တန်းပေါ်တွင် မကြာသေးမီက ရက်ပေါင်းများစွာ မိုးရွာသွန်းပြီးနောက် နတ်သမီးပုံပြင်ထဲက ကဲ့သို့ အလွန်လှပသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ယင်းဖြစ်ရပ်ကို တိမ်ပင်လယ်ဟု တင်စားခေါ်ဆိုကြသည်။ ထိုသို့ ဖြစ်ပေါ်ရခြင်းမှာ စိုထိုင်းဆပြည့်နှက်နေသော လေထုသည် တောင်တန်းများပေါ်သို့...
ချင်းသောင်၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှထုတ်လုပ်သော ကုန်းရေနှစ်သွယ် ပျံသန်းမောင်းနှင်နိုင်သည့် AG600 လေယာဉ်ကြီးသည် ဇူလိုင်လ ၂၆ ရက် နံနက်ပိုင်းက ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ ပင်လယ်ပြင်တွင် အောင်မြင်စွာ မောင်းနှင်ပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။
ပြုံယမ်း၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် Kaesong မြို့တွင် COVID-19 ရောဂါ သံသယလူနာတစ်ဦး တွေ့ရှိပြီးနောက် မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအမ် က နိုင်ငံအား အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း KCNA သတင်းဋ္ဌာနက ဇူလိုင် ၂၆ ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။ ကင်က Kaesong...
ယူနန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) ဖူကျယ်ဟေး သဘာဝဧရိယာသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အနောက်တောင်ဘက် ချိုးပေမြို့တွင် တည်ရှိသည်။ ဖူကျယ်ဟေး၏ အဓိပ္ပါယ်မှာ ယိဘာသာတွင် ငါးနှင့်ပုစွန်များ ပြည့်နှက်နေသောရေကန်ဟု အဓိပ္ပါယ်ရှိပြီး ယင်းသဘာဝဧရိယာတွင် ထုံးကျောက်တိုက်စားခြင်းကြောင့် ဖြစ်ပေါ်လာသော သဘာဝရှုခင်းများ နှင့် ၎င်းတွင် မတူညီသောထုံးကျောက်တောင်များ၊ ထူးခြားသော ကတ္တရာဂူများနှင့်...
ချုံချင့်၊ ဇူလိုင် ၂၆ ရက်(ဆင်ဟွာ) စိုက်ပျိုးရေးပညာရှင်များ စပါးပင်အမျိုးမျိုးဖြင့် အရောင်သွေးစီချယ်ပုံဖော်ထားသည့် ဒေသအထင်ကရ တောင်တန်းပုံလယ်ယာပန်းချီသည် တရုတ်နိုင်ငံ ချုံချင့်မြို့တွင် လူကြိုက်များ ရေပန်းစားလျက်ရှိသည်။ (Xinhua)
ထိုက်ယွမ်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အာကာသအတွင်းသို့ ရုပ်ထွက်မြင့်မားသော မြေပုံဖတ်ဂြိုဟ်တုအသစ်တစ်စင်းကို နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇူလိုင် ၂၅ ရက်က လွှတ်တင်လိုက်ကြောင်း သိရသည်။Ziyuan III 03 ဂြိုဟ်တုကို Long March-4B ဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် နံနက်...
ကျီလင်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် ချန်းပိုင်တောင်ပေါ်ရှိ ဥယျာဉ်အတွင်းအလေ့ကျပေါက်သည့် တောရိုင်းပန်းခင်းကြီး၏ လှပသောမြင်ကွင်းအား တင်ဆက်ထားခြင်းဖြစ်သည်။ (Xinhua)
ရန်ကုန်၊ဇူလိုင်၂၅ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ်နိုဝင်ဘာ၈ရက်အထွေထွေရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်စာရင်းများကိုဇူလိုင်၂၅ရက်တွင်စတင်ကာမဲဆန္ဒရှင်ပြည်သူများကလာရောက်ကြည့်ရှုလျက်ရှိသည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့်ဇူလိုင်၂၅ရက်မှသြဂုတ်၈ရက်အထိ၁၄ရက်ကြာသက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့်ကျေးရွာအုပ်စုအတွင်းရှိကျေးရွာများတွင်မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာစဉ်မဲစာရင်းများလာရောက်ကြည့်ရှုစစ်ဆေးနိုင်ကြောင်း၊ မိမိအမည်မဲစာရင်းတွင်မပါပါက ပုံစံ (၃) ဖြင့်မဲစာရင်းတွင်အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊မပါဝင်သင့်သူများပါဝင်ပါကပုံစံ (၄) ဖြင့်ကန့်ကွက်ခြင်း၊မဲစာရင်းပါအချက်အလက်များမှားယွင်းနေပါကပုံစံ (၄–ဂ) ဖြင့်ပြင်ဆင်လွှာတင်သွင်းခြင်းတို့အားလိုအပ်ပါကဆောင်ရွက်နိုင်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်ထားသည်။ ၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွက်မဲပေးခွင့်ရှိသူဦးရေမှာအကြမ်းအားဖြင့်၃၇သန်းရှိကြောင်း၊မဲဆန္ဒရှင်စာရင်းအတိအကျကိုဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတာဝန်ရှိသူတစ်ဦးကဆင်ဟွာကိုဇူလိုင်၂၅ရက်တွင်ပြောသည်။ (Xinhua)