မင်နီဆိုတာ၊ မေ ၃၁ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု မင်နီဆိုတာပြည်နယ်တွင် ဂျော့ဂျ်ဖလွိုက်(George Floyd)အမည်ရ အမေရိကန်နိုင်ငံသားလူမည်း တစ်ဦးအား လူဖြူရဲအရာရှိတစ်ဦးက ဖမ်းဆီးမှုပြုလုပ်စဉ် သေဆုံးသွားခဲ့ပြီးနောက် ယင်းဖြစ်စဉ်အပေါ် မကျေနပ်သည့် ပြည်သူများက မေ ၂၉ ရက်မှစတင်ကာ မင်နီပူးလစ်စ် မြို့အနှံ့တွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ဆန္ဒပြပွဲမြင်ကွင်းများ...
ထျန်းကျင်း၊ မေ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ထျန်းကျင်းမြို့ရှိ FAW-Volkswagen မော်တော်ကားထုတ်လုပ်ရေးစက်ရုံတွင် အလိုအလျောက်သယ်ယူပို့ဆောင်ရေးစက်ရုပ် ၂၀၀ ကျော် ဖြင့် မော်တော်ယာဉ်ထုတ်လုပ်ရာတွင် အရေးပါသည့် အစိတ်အပိုင်းများကိုသယ်ယူပို့ဆောင်ပေးလျှက်ရှိသည်။ သေးငယ်သည့် ၎င်း အလိုအလျောက် သယ်ယူပို့ဆောင်ရေးစက်ရုပ်များမှာ အလေးချိန် ၂၅၀၀ ကီလိုဂရမ်ကိုသယ်ဆောင်နိုင်ပြီး သတ်မှတ်ထားသည့်နေရာသို့ အစိတ်အပိုင်းများကိုပို့ဆောင်ပေးနိုင်ကြောင်းသိရသည်။ (Xinhua)
ကွေ့ကျိုး၊ မေ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်ရှိ Beipanjiang မြစ်ကူးတံတားကြီးသည် ကမ္ဘာ့အမြင့်ဆုံးတံတားတစ်စင်းအဖြစ်သတ်မှတ်ခြင်းခံရသည်။ တံတားကြီးကို တောင်ကြားနှစ်ခု၏ အထက် အမြင့် ၅၆၅ မီတာတွင်ဆောက်လုပ်ထားသည်။ ကမ္ဘာ့အမြင့်ဆုံးတံတားကြီး၏ မြင်ကွင်းကို ကောင်းကင်ပုံရိပ်များဖြင့် ရိုက်ကူးထားသည်ကိုစုစည်းတင်ဆက်ထားပါသည်။ (Xinhua)
ပေကျင်း၊ မေ ၂၇ ရက် (ဆင်ဟွာ) လက်ရှိ လွှတ်တော်အစည်းအဝေးနှစ်ရပ်(two sessions) ကျင်းပနေစဉ် အသက် ၈၇ နှစ်အရွယ် COVID-19 ကူးစက်ခံရသည့် လူနာတစ်ဦး ပြန်လည်သက်သာလာသည့် သတင်းကိုကြားသိရသဖြင့် တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် အလွန် ကျေနပ် အားရခဲ့သည်။ ရှီက ပြည်သူများ၏ အသက်အိုးအိမ်နှင့်ကျန်းမာရေး သည်သာ...
ပေကျင်း၊ မေ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ထိပ်သီး နိုင်ငံရေးအကြံပေးအဖွဲ့ တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုညီလာခံသည် ယနေ့ မေ ၂၇ ရက်တွင် ပေကျင်းမြို့ ၌ ကျင်းပပြီးစီးသွားခဲ့ကြောင်း သိရသည်။ ညီလာခံပိတ်ပွဲအခမ်းအနားမြင်ကိုအောက်ပါလင့်ခ်မှတစ်ဆင့်ကြည့်ရှုနိုင်ပါသည်။ (Xinhua)
ချိုမိုလန်းမားတောင် ၊ မေ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ မြေတိုင်းကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့သည် မေ ၂၇ နံနက်ပိုင်းတွင် ကမ္ဘာ့အမြင့်ဆုံးချိုမိုလန်းမား တောင်ထိပ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ် ပြီး ကမ္ဘာ့အမြင့်ဆုံးတောင်၏ အမြင့်ပေအားအတိအကျပြန်လည်တိုင်းတာမှုပြုလုပ်နေသည့်မြင်ကွင်းကိုအောက်ပါလင့်ခ်မှတစ်ဆင့် ကြည့်ရှုနိုင်ပါသည်။(Xinhua)