မော်စကို၊ ဇွန် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ခေတ်သစ်ဆီ တက်လှမ်းရန် ဇွန်လ ၅ ရက်နေ့တွင် သဘောတူခဲ့ကြကြောင်း တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံသမ္မတဗလာဒီမာပူတင်တို့တွေ့ဆုံဆွေးနွေးမှု သတင်းစာရှင်းလင်းပွဲမှ တစ်ဆင့် သိရသည်။(Xinhua)
စိန့်ပီတာဘာ့ဂျ်၊ ဇွန် ၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ စိန့်ပီတာဘာ့ဂျ် မြို့၏ မြင်ကွင်းများကို 360 မြင်ကွင်းပုံရိပ်များဖြင့် ရိုက်ကူးတင်ဆက်ထားပါသည်။(Xinhua)
ဖူးကျိုး၊ ဇွန် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းဖူကျန့်ပြည်နယ် ဖူးကျိုးမြို့တွင် ရွှေငါးပြိုင်ပွဲကျင်းပလျက်ရှိသည်။တစ်ကမ္ဘာလုံးရှိ ရှားပါးလှပသည့် ရွှေငါးရောင်စုံများ ပါဝင်သည့်အဆိုပါပွဲတွင် ဆုပေါင်း ၁၈မျိုးအထိ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ပြိုင်ပွဲတွင် ပထမဆုကို နဂါးမျက်လုံးနှင့် လိပ်ပြာသဏ္ဍာန် အမြီးရှိသည့်ရွှေငါးလေးက ဆွတ်ခူးခဲ့သည်။(Xinhua)
ရှန်ဟိုင်း၊ဇွန် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှန်ဟိုင်းရှိ တွင် ကျည်ဆန်ရထားများ ပြုပြင် ထိန်းသိမ်းရေးစင်တာ၌ စက်ရုပ်များဖြင့် ပြုပြင်ထိန်းသိမ်းမှုကို စတင်ခဲ့ကြောင်းသိရသည်။ scanner များ ကို အသုံးပြုပြီး စက်ရုပ်များက ကျည်ဆန်ရထားများ၏ အောက်ခြေအထိ အပြစ်အနာအဆာများကို ရှာဖွေ စစ်ဆေးပေးနိုင်သည့်အပြင် ပြုပြင်ထိန်းသိမ်းနေစဉ်အတွင်း ဖြစ်ပွားသည့် ပြဿနာများကိုလည်း စက်ရုပ်များကသိရှိ ပြင်ဆင်နိုင်သည်။...
ရှန်ဟိုင်း၊ဇွန် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် Hangzhou Zhejiang စက်ရုံတစ်ရုံ ၌ ထောင်ချီလျက်ရှိသည့် စက်ရုပ်များစွာက အထုပ်အပိုးများကို အလိုအလျောက် ရွေးချယ်သယ်ယူပို့ဆောင်ခြင်းဖြစ်ပြီး တစ်နေ့လျှင် ပါဆယ် အထုတ်ပေါင်း ၅သိန်းကို သယ်ယူပို့ဆောင်နိုင်သည်။ ရှန်ဟိုင်းရှိ JD Logistics Intelligent Storage Facility တွင်...
ရန်ကုန် ၊ ဇွန် ၄ ရက်(ဆင်ဟွာ) တရုတ် – မြန်မာ ခရီးသွားလာရေး နှင့် ယဉ်ကျေးမှု ရက်သတ္တပတ် ဖွင့်ပွဲ အခမ်းအနားအား ဇွန် ၃ ရက်တွင် ရန်ကုန်မြို့ရှိ တရုတ် ယဉ်ကျေးမှု စင်တာ၌ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ်...
ပေကျင်း၊ ဇွန် ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံသို့သွားရောက်ပညာသင်ယူကြမည့် ကျောင်းသားများနှင့် ပညာရှင်များ အနေဖြင့် အခက်အခဲ အတားအဆီးများကြုံတွေ့လာနိုင်ကြောင်း တရုတ်နိုင်ငံပညာရေးဝန်ကြီးဋ္ဌာနက သတိပေးပြောကြားခဲ့သည်။ ပညာရေးဝန်ကြီးဋ္ဌာနအနေဖြင့် အမေရိကန်ဗီဇာ တင်းကျပ်ထားမှုကို ကိုးကားကာ ကျောင်းသားများတွင် ထိခိုက်နစ်နာမှုများတိုးပွားလာနိုင်သောကြောင့် ကြိုတင်ပြင်ဆင်မှုများပိုမို ပြုလုပ်ထားရန်လိုအပ်ကြောင်းဆိုသည်။ အဆိုပါသတိပေးချက်မှာ အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးပိတ်ဆို့မှုများအကြား တရုတ်နိုင်ငံအနေဖြင့် မိမိ၏...
ပေကျင်း ၊ ဇွန် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီသတင်းပြန်ကြားရေးရုံးက ဇွန် ၂ ရက်တွင် တရုတ်-အမေရိကန် စီးပွားရေး နှင့် ကုန်သွယ်ရေးဆွေးနွေးမှုများဆိုင်ရာ ကဏ္ဍစုံပါဝင်သည့် စက္ကူဖြူကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ယင်းဆွေးနွေးမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ မူဝါဒရပ်တည်ချက်ကို ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။(Xinhua)