ရှင်းရိ၊သြဂုတ် ၂၁ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကွေ့ကျိုးပြည်နယ် ရှင်းရိတွင် မိုးပျံပူဖောင်းလွှတ်တင်ပွဲကို ၄ရက်တိုင်တိုင် ကျင်းပခဲ့သည်။ တရုတ်မိုးပျံပူဖောင်းအဖွဲ့ က ဦးဆောင်ကျင်းပသည့်အဆိုပါပွဲကို တရုတ်နိုင်ငံ အတွင်းရှိ မိုးပျံပူဖောင်းကလပ်များမှ စိတ်ပါဝင်စားသည့် ပြိုင်ပွဲဝင်ပေါင်း ၂၈ဝ ဦး ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ရှင်းရိဒေသသည် ထုံးကျောက်မြေမျက်နှာပြင်အဖြစ် လူသိများသည်။ လေပြင်းထန်ကာ ဘက်ပေါင်းစုံမှ ပြင်းထန်စွာတိုက်ခတ်သည့်ဒေသတစ်ခုလည်းဖြစ်သောကြောင့် အခက်အခဲများစိန်ခေါ်မှုများ...
ဟူနန်၊သြဂုတ် ၂၁ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်းဟူနန်ပြည်နယ်နင်းရှန်းစီရင်စုတွင် ငရုတ်သီးအစားပြိုင်ပွဲတစ်ရပ်ကျင်းပခဲ့သည်။ ပြိုင်ပွဲဝင်များက အနီရောင်ငရုတ်သီးများနှင့်ရေများထည့်ထားသည့်ရေစိမ်ကန်အတွင်း ဝင်ရောက်ကာ ကန်အတွင်းရှိငရုတ်သီးနီများကို အပြိုင်အဆိုင်စားရခြင်းဖြစ် သည်။ ငရုတ်သီးနီ ၁၅တောင့်အား ၁မိနစ်အတွင်းစားနိုင်ပါက အနိုင်ရရှိသူအဖြစ်သတ်မှတ်မည်ဟု စည်းကမ်းချက်တွင်ပါရှိသည်။ ဒေသအတွင်း ကမ္ဘာလှည့်ခရီးသည်များအားဆွဲဆောင်မှုတစ်ခုအဖြစ် ရည်ရွယ်ကာ ထိုသို့ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ဟူနန်ပြည်နယ်ဟင်းလျာများမှာလည်းအလွန်ပူစပ်သောဟင်းလျာအဖြစ်လူသိများသည်။(Xinhua)
လန်ဒန်၊ သြဂုတ် ၂၁ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ BYD ကားကုမ္မဏီက ထုတ်လုပ်သည့် လျှပ်စစ်ဘတ်စ်ကားများကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် စတင်အသုံးပြုလျက်ရှိပြီဖြစ်သည်။ လန်ဒန်တွင်လည်း လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်မည့်အစီအမံများ ဆောင်ရွက်လျက်ရှိသောကြောင့် အဆိုပါ လျှပ်စစ်ဘတ်စ်ကားများကို စတင်သုံးစွဲလာခြင်းဖြစ်သည်။ လေထုညစ်ညမ်းမှုကိုကာကွယ်နိုင်ပြီးအားပြန်သွင်းကာအသုံးပြုနိုင်သည့် အားသာချက်ရှိသည့် အပြင် ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိကာ သက်တောင့်သက်သာရှိခြင်းတို့ကြောင့် တရုတ်နိုင်ငံ BYD မှ...
ဘာစီလိုနာ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) စပိန်နိုင်ငံဘာစီလိုနာ မြို့၌ သြဂုတ် ၁၇ ရက် က ကမ္ဘာလှည့်ခရီးသွားအုပ်စုများရှိရာသို့ ဗင်ကားတစ်စီးဖြင့် ဝင်တိုက်ခဲ့ရာ လူ ၁၃ဦးသေဆုံးပြီး ၁၀၀ကျော် ဒဏ်ရာရရှိခဲ့ပြီးနောက် တရားခံအား ရဲတပ်ဖွဲ့က ရှာဖွေနေစဉ် ညပိုင်း၌ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးအနည်းဆုံး သံသယရှိသူ ၄ဦး...
ချန်းချွန်၊ သြဂုတ် ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အထင်ကရ ပေကျင်းရှိ ထျန့်အန်းမင်ရင်ပြင်ပုံစံကို လယ်ယာစိုက်ပျိုးရေးထွက်ကုန်ပစ္စည်းပြပွဲတွင်အစားအသောက်များနှင့် ပုံဖော်ပြသခဲ့သည်။ ပဲစေ့များဖြင့် ရင်ပြင်လက်ရန်း များကအစပုံဖော်ထားခြင်းဖြစ်သည်။ ထို သို့ပုံဖော်ရန်အတွက် ပဲစေ့တစ်စေ့ချင်းစီကိုကော်ဖြင့်ကပ်ရ ပြီးအချို့ပဲစေ့များကို ပုံစံငယ်လိုအပ်ချက်အရ အရောင်ဆိုးကာ ပုံဖော်ရခြင်းဖြစ်သည်။ ထိုသို့ပဲစေ့များ စားသောက်ဖွယ်ရာများဖြင့်ဖန်တီးရသည့်အဆိုပါ ပုံစံတူတည်ဆောက်ခြင်းကို အဖွဲ့ ၃၇ ဖွဲ့...
ကျင်းဟိုင်၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အရှည်ဆုံးမြစ်ဖြစ်သည့်ယန်စီမြစ်အားဖြတ်သန်းဆောက်လုပ်ထားသော အမှတ် ၈ မြေအောက်ရထားလမ်း၏ဥမင်လှိုဏ်ခေါင်း တည်ဆောက်ရေးလုပ်ငန်းမှာ သြဂုတ်လ ၉ ရက်နေ့က ပြီးစီးခဲ့ပြီဖြစ်ကြောင်းသိရသည်။ ၎င်းမှာ တရုတ်နိုင်ငံ၏အရှည်ဆုံးယန်စီ မြစ်အောက်တွင် ဖောက်လုပ်ထားသောတတိယ မြောက်အရှည်ဆုံးဥမင်လိုဏ်ခေါင်းတစ်ခုဖြစ်သည်။ ဥမင်လိုဏ်ခေါင်းအရှည်မှာ ၃၁၈၆ မီတာရှိပြီး အချင်းဝက် ၁၂.၅ မီတာရှိသည်။ ဥမင်လိုဏ်ခေါင်း...
လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စုလော့စ်အိန်ဂျလိစ် တွင် ကြောင်ချစ်သူများစုဝေးရာ CatCon ပွဲကိုကျင်းပခဲ့သည်။ ယခုနှစ်တွင် ၃ ကြိမ်မြောက်ပြီဖြစ်သည့် CatCon ပွဲကို နှစ်စဉ်ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ကြောင်ရောင်းချသူ ပြသသူရာပေါင်းများစွာ ပါဝင်ဆင်နွှဲကြကာ ကြောင်အသုံးအဆောင်ပစ္စည်းထောင်ပေါင်းများစွာကို ပြသရောင်းချကြသည်။ ထိုပွဲတွင် ပိုင်ရှင်မဲ့ကြောင်များ အတွက် မွေးစားလိုသူများ၊ အလှူရှင်များ၊ NGO...