ချင်းသောင်၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းချင်းသောင်တွင် ဇွန်လ ၉ ရက်နှင့် ၁ဝ ရက်နေ့တို့တွင် ကျင်းပခဲ့သည့် ၁၈ ကြိမ်မြောက်ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း SCO အစည်းအဝေးများတွင် သတင်းရယူနိုင်ရန် ကမ္ဘာတစ်ဝန်းမှ သတင်းမီဒီယာများတက်ရောက်ခဲ့ကြသည်။ သတင်းမီဒီယာများအတွက် စီစဉ်ထားသည့် မီဒီယာစင်တာတွင် နောက်ဆုံးပေါ်နည်းပညာများဖြင့် သတင်းရယူရာတွင် အစဉ်ပြေချောမွေ့စေရန်စီစဉ်ပေးထားခဲ့ကြောင်း သိရသည်။(Xinhua)
စင်ကာပူ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စုသမ္မတဒေါ်နယ်ထရန့် နှင့် အဖွဲ့သည် ဇွန်လ ၁၂ ရက်တွင် ကိုရီယား အလုပ်သမားပါတီ (WPK) ဥက္ကဋ္ဌနှင့် မြောက်ကိုရီးယားနိုင်ငံရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်နှင့်တွေ့ဆုံရန် ဇွန်လ ၁ဝရက်နေ့ ညပိုင်းက စင်ကာပူနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ (Xinhua)
စင်ကာပူ၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ကိုရီယား အလုပ်သမားပါတီ (WPK) ဥက္ကဋ္ဌနှင့် မြောက်ကိုရီးယားနိုင်ငံရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်သည် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇွန်လ ၁၂ ရက်တွင် တွေ့ဆုံရန် စင်ကာပူနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည်...
ချင်းသောင်၊ ဇွန် ၁ဝ ရက်(ဆင်ဟွာ) ၁၈ကြိမ်မြောက်ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း(SCO) ထိပ်သီးအစည်းအဝေးတွင် သဘောတူညီမှုများကျယ်ကျယ်ပြန့်ပြန့်ရရှိခဲ့ကြောင်း သမ္မတရှီကျင့်ဖိန်က ယနေ့ဇွန်လ ၁ဝရက်နေ့တွင်ကျင်းပသည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။(Xinhua)
ချင်းသောင်၊ ဇွန် ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းချင်းသောင်မြို့တွင်ကျင်းပလျက်ရှိသည့် ၁၈ကြိမ်မြောက် SCO အစည်းအဝေးသို့တက်ရောက်လာကြသည့် SCO အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များက ပူးတွဲ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုကျင်းပလျက်ရှိသည့် မြင်ကွင်းအပြည့်အစုံကို အောက်ပါလင့်ခ်မှ တစ်ဆင့်တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။(Xinhua)
ချင်းသောင်၊ ဇွန် ၁ဝ ရက်(ဆင်ဟွာ) ၁၈ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း SCO အစည်းအဝေးကို တက်ရောက်လာသည့် ဧည့်သည်တော်များအားကြိုဆိုဧည့်ခံပွဲ တစ်ရပ်ကို ဇွန်လ ၉ ရက်နေ့က တရုတ်နိုင်ငံအရှေ့ပိုင်း ချင်းသောင်မြို့တွင်ကျင်းပခဲ့ရာ သမ္မတရှီကျင့်ဖိန်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည့် မြင်ကွင်းအပြည့်အစုံကိုအောက်ပါလင့်ခ်မှ တစ်ဆင့်ကြည့်ရှုနိုင်ပါသည်။(Xinhua)
ချင်းသောင်၊ ဇွန် ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းချင်းသောင်မြို့တွင် ယနေ့ ဇွန်လ ၁ဝ ရက်နေ့၌ ကျင်းပလျက်ရှိသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေး SCO သို့ တက်ရောက်လာကြသည့် SCO အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ၊ လာရောက်လေ့လာသည့်နိုင်ငံခေါင်းဆောင်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှခေါင်းဆောင်များကို သမ္မတရှီကျင့်ဖိန်က ကြိုဆိုနှုတ်ဆက်ခဲ့ပြီး စုပေါင်းအမှတ်တရဓါတ်ပုံရိုက်ကူးခဲ့သည်။ (Xinhua)
ချင်းသောင်၊ ဇွန် ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းကမ်းရိုးတန်းမြို့ဖြစ်သည့်ချင်းသောင်တွင်ဇွန်လ ၁ဝ ရက် ယနေ့ မနက်ပိုင်းတွင်ကျင်းပလျက်ရှိသည့် SCO ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းအဝေးသို့ တက်ရောက်လာသည့် SCO အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များက အမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ကြသည်။(Xinhua)
ချင်းသောင်၊ ဇွန် ၁ဝ ရက်(ဆင်ဟွာ) ဇွန်လ ၁ဝ ရက်နေ့တွင် တရုတ်နိုင်ငံ အရှေ့ပိုင်းချင်းသောင်မြို့တွင်ကျင်းပလျက်ရှိသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု SCO အစည်းအဝေး ၏ သီးသန့် ထိပ်သီးတွေ့ဆုံပွဲတွင် သမ္မတရှီကျင့်ဖိန်က SCO အဖွဲ့ဝင်နိုင်ငံ့ခေါင်းဆောင်များအားအဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ (Xinhua)
ချင်းသောင်၊ ဇွန် ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းချင်းသောင်မြို့တွင်ကျင်းပလျက်ရှိသည့် SCO အစည်းအဝေးသို့တက်ရောက်ရန် ၁ဝ ရက်နေ့မနက်ပိုင်း၌ SCO အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များရောက်ရှိလာရာ သမ္မတရှီကျင့်ဖိန်က ကြိုဆိုနှုတ်ဆက်ခဲ့သည်။(Xinhua)