ယူနန်၊သြဂုတ် ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရှီးဆွမ်းပနား၌ ကြာရွက်ကြီးများအပေါ်တွင် ကပြသူတစ်ဦးကို ဆင်ဟွာသတင်းဋ္ဌာနမှ မှတ်တမ်းတင်နိုင်ခဲ့သည်။ သိပ္ပံအခေါ် victoria amazonic ဟု အမည်ရသည့် ကြာရွက်များတွင် လူတစ်ဦး၏ အလေးချိန်အားခံနိုင်လောက်သည့် အကြောများပါဝင်ကာ အနားတွင် ကွေးထားသည့်သဘာဝပုံစံဖြစ်သည်။ ကိုယ်အလေးချိန် 70 ကီလိုဂရမ်ရှိသည့် ဆင်ဟွာသတင်းထောက်...
အော်ရီဂွန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) ကြီးကျယ်ခန်းနားသော အမေရိကန် နေကြတ်မှုဟု တင်စားထားသည့် ဖြစ်တောင့်ဖြစ်ခဲ နေကြတ်မှုမြင်ကွင်းကို သြဂုတ်လ ၂၁ ရက်နေ့တွင် အမေရိကတိုက်ရှိ လူများစွာက လေ့လာစောင့်ကြည့်ခဲ့ကြသည်။ ၎င်းနေကြတ်မှုမြင်ကွင်းကို အမေရိကန်နိုင်ငံအတွင်းရှိ ပြည်နယ် ၁၄ ခုတွင် မြင်တွေ့ခဲ့ရသည်။ ထို့အပြင် မက္ကဆီကို စီးတီးတွင်...
ယူနန်၊သြဂုတ် ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်းယူနန်ပြည်နယ်တွင် ထွန်စက်တစ်စီ်းဖြင့်အကြိတ်ခံခဲ့ရသည့် ၃ မီတာရှည်သောစပါးကြီးမြွေတစ်ကောင်အား ရွာသားများနှင့် ရဲအရာရှိများပူးပေါင်းကာ ကယ်ဆယ်ခဲ့ကြောင်းသိရသည်။ ၎င်းအား တိရစ္ဆာန်ဆေးကုခန်းသို့သယ်ဆောင်ကာဒဏ်ရာများကို ကုသပေးခဲ့ခြင်းဖြစ်သည်။ ၎င်းအား ဆေးကုသပြီးနောက် ကျန်းမာရေးကောင်းမွန်သည်အထိ စောင့်ရှောက်ရေးစခန်းတွင် ထားရှိ ပြီးနောက် ပြန်လွှတ်ပေးမည်ဟုသိရသည်။(Xinhua)
ရှင်းရိ၊သြဂုတ် ၂၁ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကွေ့ကျိုးပြည်နယ် ရှင်းရိတွင် မိုးပျံပူဖောင်းလွှတ်တင်ပွဲကို ၄ရက်တိုင်တိုင် ကျင်းပခဲ့သည်။ တရုတ်မိုးပျံပူဖောင်းအဖွဲ့ က ဦးဆောင်ကျင်းပသည့်အဆိုပါပွဲကို တရုတ်နိုင်ငံ အတွင်းရှိ မိုးပျံပူဖောင်းကလပ်များမှ စိတ်ပါဝင်စားသည့် ပြိုင်ပွဲဝင်ပေါင်း ၂၈ဝ ဦး ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ရှင်းရိဒေသသည် ထုံးကျောက်မြေမျက်နှာပြင်အဖြစ် လူသိများသည်။ လေပြင်းထန်ကာ ဘက်ပေါင်းစုံမှ ပြင်းထန်စွာတိုက်ခတ်သည့်ဒေသတစ်ခုလည်းဖြစ်သောကြောင့် အခက်အခဲများစိန်ခေါ်မှုများ...
ဟူနန်၊သြဂုတ် ၂၁ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်းဟူနန်ပြည်နယ်နင်းရှန်းစီရင်စုတွင် ငရုတ်သီးအစားပြိုင်ပွဲတစ်ရပ်ကျင်းပခဲ့သည်။ ပြိုင်ပွဲဝင်များက အနီရောင်ငရုတ်သီးများနှင့်ရေများထည့်ထားသည့်ရေစိမ်ကန်အတွင်း ဝင်ရောက်ကာ ကန်အတွင်းရှိငရုတ်သီးနီများကို အပြိုင်အဆိုင်စားရခြင်းဖြစ် သည်။ ငရုတ်သီးနီ ၁၅တောင့်အား ၁မိနစ်အတွင်းစားနိုင်ပါက အနိုင်ရရှိသူအဖြစ်သတ်မှတ်မည်ဟု စည်းကမ်းချက်တွင်ပါရှိသည်။ ဒေသအတွင်း ကမ္ဘာလှည့်ခရီးသည်များအားဆွဲဆောင်မှုတစ်ခုအဖြစ် ရည်ရွယ်ကာ ထိုသို့ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ဟူနန်ပြည်နယ်ဟင်းလျာများမှာလည်းအလွန်ပူစပ်သောဟင်းလျာအဖြစ်လူသိများသည်။(Xinhua)
လန်ဒန်၊ သြဂုတ် ၂၁ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ BYD ကားကုမ္မဏီက ထုတ်လုပ်သည့် လျှပ်စစ်ဘတ်စ်ကားများကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် စတင်အသုံးပြုလျက်ရှိပြီဖြစ်သည်။ လန်ဒန်တွင်လည်း လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်မည့်အစီအမံများ ဆောင်ရွက်လျက်ရှိသောကြောင့် အဆိုပါ လျှပ်စစ်ဘတ်စ်ကားများကို စတင်သုံးစွဲလာခြင်းဖြစ်သည်။ လေထုညစ်ညမ်းမှုကိုကာကွယ်နိုင်ပြီးအားပြန်သွင်းကာအသုံးပြုနိုင်သည့် အားသာချက်ရှိသည့် အပြင် ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိကာ သက်တောင့်သက်သာရှိခြင်းတို့ကြောင့် တရုတ်နိုင်ငံ BYD မှ...
ဘာစီလိုနာ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) စပိန်နိုင်ငံဘာစီလိုနာ မြို့၌ သြဂုတ် ၁၇ ရက် က ကမ္ဘာလှည့်ခရီးသွားအုပ်စုများရှိရာသို့ ဗင်ကားတစ်စီးဖြင့် ဝင်တိုက်ခဲ့ရာ လူ ၁၃ဦးသေဆုံးပြီး ၁၀၀ကျော် ဒဏ်ရာရရှိခဲ့ပြီးနောက် တရားခံအား ရဲတပ်ဖွဲ့က ရှာဖွေနေစဉ် ညပိုင်း၌ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးအနည်းဆုံး သံသယရှိသူ ၄ဦး...