Videos
ကမ္ဘာ့အကြီးဆုံးကရိန်းတင်သင်္ဘော ရှန်ဟိုင်း သို့ရောက်ရှိ
ရှန်ဟိုင်း၊ မေ ၁၉ ရက်(ဆင်ဟွာ)
ကမ္ဘာ့အကြီးဆုံးကရိန်းတင်သင်္ဘော သည် တရုတ်နိုင်ငံ အရှေ့ပိုင်းရှန်ဟိုင်းသို့ရောက်ရှိခဲ့ပြီဖြစ်သည်။ ဂျင်းဝှါ ၃ဝ ဟုခေါ်သည့် သဘောၤကို Shanghai Zhenhua Heavy Industry ကုမ္ပဏီလီမိတက်က ထုတ်လုပ်သည်။ အလေးချိန်တန် ၁၂ဝဝဝ တင် နိုင်သည့်ကမ္ဘာ့ပထမဆုံး သင်္ဘောဖြစ်ပြီး ဘိုးအင်း 747 လေယာဉ်တစ်စီး၏ အလေးချိန်ကိုပင်သယ်ဆောင်နိုင်ကာ အလေးချိန် တန် ၇ဝဝဝ ကို မတင် နိုင်သည်ဟုဆိုသည်။ ကရိန်း သင်္ဘောများ ကို ပစ္စည်းအလေးချိန်များသည့်အရာဝတ္တုများအား ဆွဲတင် ရန်အတွက် အထူးစီစဉ်ထုတ်လုပ် ထားခြင်း ဖြစ်ပြီး ကမ်းရိုးတန်းဒေသဆောက်လုပ်ရေးလုပ်ငန်းများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ တွင်အထူးအသုံးပြုရန်ရည်ရွယ်သည်။ သဘောၤကို ရှန်ဟိုင်းရှိ China Salvage Bureau တွင် ရေချမည်ဖြစ်ပြီး ပြည်ပနိုင်ငံများတွင် စမ်းသပ်မောင်းနှင်သွားမည်ဟုသိရသည်။ (Xinhua)