Connect with us

Videos

ဂျပန်နိုင်ငံ တွင်တိုက်ခတ်သည့် တိုင်ဖွန်းမုန်တိုင်းကြောင့်လူ ၇ ဦး သေဆုံးပြီဖြစ်

တိုကျို၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

၂၅ နှစ်အတွင်း အပြင်းထန်ဆုံးဖြစ်သော တိုင်ဖွန်းမုန်တိုင်း ဂျက်ဘီသည် ဂျပန်နိုင်ငံ အနောက်ပိုင်း ရှိ တိုကူရှီးမားစီရင်စု တောင်ပိုင်း သို့ စက်တင်ဘာ ၄ ရက် နေ့လည်ပိုင်းတွင် ဝင်ရောက်တိုက်ခတ်ခဲ့ ရာ လက်ရှိအချိန်အထိ ရရှိထားသည့်စာရင်းများအရ လူ ၇ ဦး သေဆုံးပြီဖြစ်ကြောင်းသိရသည်။

အင်အားပြင်းထန်သော တိုင်ဖွန်းမုန်တိုင်းကြောင့် ပို့ဆောင်ရေးလုပ်ငန်းများ အလွန်အမင်း နှောင့်နှေးခဲ့ပြီး အချို့သော စီးပွားရေးလုပ်ငန်းများအပါအဝင် လေကြောင်းလိုင်း နှင့် ရထားလိုင်းများ ရပ်နားခဲ့ရကြောင်း သိရသည်။

တိုင်ဖွန်းမုန်တိုင်း ဂျက်ဘီ သည် ၎င်း၏ ဗဟိုချက်မတွင် တစ်နာရီလျှင် လေတိုက်နှုန်း ၂၁၆ကီလိုမီတာဖြင့် ဒေသစံတော်ချိန် ၁၁နာရီတွင် ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသဌာန (JMA) ကပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.