Connect with us

Videos

ရေတွင်ပျော်ဝင်နိုင်သောပလတ်စတစ်အိတ်များကိုတီထွင်

ပေကျင်း၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ)

ယနေ့ခေတ်တွင်အသုံးပြုလျက်ရှိသည့် ပလတ်စတစ်အိတ်များ အစား ရေတွင်ပျော်ဝင်နိုင်မည့်အိတ်တစ်မျိုးကို တရုတ်နိုင်ငံက တီထွင်ထုတ်လုပ်နေပြီဖြစ်သည်။ ၎င်းကို PVA ကုန်ကြမ်း ဖြင့် အသုံးပြုထုတ်လုပ်ထား ပြီး သဘာဝပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေမှုရှိကာ စွန့်ပစ်ပါကလည်း မိုးရေ သို့မဟုတ် ဘက်တီးရီးယားများ ကြောင့် ခဏအတွင်း ပျက်စီးကွယ်ပျောက်သွားစေနိုင်မည်ဖြစ်သည်။ ပုံမှန်အသုံးပြုသည့် ပလတ်စတစ်များမှာ ကမ္ဘာကြီးပေါ်တွင် ကွယ်ပျောက်ပျက်ဆီးနိုင်ရန် နှစ်ပေါင်း ၁ဝ နှစ်မှ နှစ် ၁ဝဝဝ ခန့်အချိန်ယူရသည်။ တရုတ်နိုင်ငံရှိ သုတေသီများနှင့် ကုမ္ပဏီများမှာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ပလတ်စတစ်ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဖြေရှင်းရန် ကြိုးပမ်းခဲ့ကြပြီးနောက် ယခုကဲ့သို့ရေတွင်ပျော်ဝင်နိုင်သည့် ပလတ်စတစ်မျိုးကို တီထွင်နိုင်ခဲ့ခြင်းဖြစ်သည်။ ၂ဝ၁၆ ခုနှစ်တွင် ထို နည်းပညာကို ချီလီနိုင်ငံကုမ္ပဏီတစ်ခုက စိတ်ပါဝင်စားမှုရှိခဲ့ပြီး ၎င်းတို့၏ အကြံပေးချက်အရ ရေအေးများတွင်ပါ ပျော်ဝင်နိုင်သည့်အိတ်များကို တီထွင်ခဲ့သည်။ သမုဒ္ဒရာအတွင်း ပလတ်စတစ်အိတ်များကိုစွန့်ပစ်ရာတွင် ပျော်ဝင်စေရန်ရည်ရွယ်ခြင်းဖြစ်ပြီး ကုန်ကျစရိတ်ကိုလည်းလျှော့ချနိုင်ရန် စီစဉ်ခဲ့ကြသည်။ ထိုသို့ရေတွင်ပျော်ဝင်နိုင်သည့်ပလတ်စတစ်များကို ယခုနှစ်နိုဝင်ဘာလမှ စတင်ကာ လစဉ် အိတ်အကြီးပေါင်း သန်း ၅ဝဝ နှင့်ညီမျှသည့် ထုတ်ကုန်တန်ချိန်ပေါင်း ၁ဝဝဝဝ ခန့် ထုတ်လုပ်နိုင်ရန်မျှော်လင့်ထားကြောင်းသိရသည်။ ကုလသမဂ္ဂ မှ ထုတ်ပြန်သည့်စာရင်းဇယား များအရ သမုဒ္ဒရာများ၏ ညစ်ညမ်းမှု ၈ဝ ရာခိုင်နှုန်းခန့်မှာ ကုန်းပေါ်မှစွန့်ပစ်မှုများကြောင့်ဖြစ်ပြီး ယခုအချိန်တွင် နိုင်ငံပေါင်းများစွာက ပျက်စီးရန်ခဲယဉ်းသည့် ပလတ်စတစ်အိတ်များကို အစားထိုးသုံးစွဲခြင်းများ၊ လျှော့ချသုံးစွဲခြင်း များ ပြုလုပ်လျက်ရှိပြီဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.