Connect with us

Videos

ဇင်ဘာဘွေနိုင်ငံသမ္မတ မူဂါဘီ နုတ်ထွက်

ဟာရာရီ ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ)

ဇင်ဘာဘွေနိုင်ငံသမ္မတ ရောဘတ်မူဂါဘီသည် သမ္မတရာထူးမှ နုတ်ထွက်သွားပြီဖြစ်ကြောင်း သိရသည်။ ဇင်ဘာဘွေနိုင်ငံ လွှတ်တော်၌ နိုဝင်ဘာ ၂၁ ရက်တွင် ပြုလုပ်သည့် သမ္မတအပေါ် စွပ်စွဲပြစ်တင်မှု စကားစစ်ထိုးပွဲအား အတူတကွ တက်ရောက်ခဲ့စဉ်အတွင်း ၎င်း၏ နုတ်ထွက်စာကို လွှတ်တော်ဥက္ကဋ္ဌ Jacob Mudenda က ဖတ်ကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ နုတ်ထွက်စာတွင် မူဂါဘီက “ ကျွနု်ပ် ၊ ရောဘတ်မူဂါဘီသည် ဇင်ဘာဘွေနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉၆ ၊ ပုဒ်မခွဲ(၁) အရ ဇင်ဘာဘွေနိုင်ငံသမ္မတအဖြစ်မှ နုတ်ထွက်ခြင်းအား ချက်ချင်း အာဏာသက်ရောက်စေရမည်” ဟု ဖော်ပြပါရှိသည်။ ဆက်လက်၍ “ ရာထူးမှ နုတ်ထွက်ခြင်းသည် ကျွနု်ပ်၏ ကိုယ်ပိုင် စိတ်ဆန္ဒအရဖြစ်ပြီး ဇင်ဘာဘွေနိုင်ငံသားများအတွက် ကျွနု်ပ်၏ စိုးရိမ်ပူပန်စိတ်ကြောင့်ဖြစ်ကြောင်း ၊ နိုင်ငံတော်လုံခြုံရေး ကို အထောက်အကူပြုမည့် သွေးထွက်သံယိုမှုမရှိသော အေးချမ်းစွာ အာဏာလွှဲပြောင်းရေး ၊ ငြိမ်းချမ်းသာယာရေး နှင့် အဆင်ပြေချောမွေ့စွာ ဖြစ်ပေါ်ရေးကို ကျွနု်ပ်အနေနဲ့ဆန္ဒရှိပါကြောင်း ” ၎င်း၏ နုတ်ထွက်စာတွင် ထည့်သွင်းဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.