Connect with us

Videos

ကမ္ဘာလှည့်ခရီးသွားများကိုဆွဲဆောင်မည့် ပြောင်းဖူးအိမ်

အာ့ဟယ်၊ နိုဝင်ဘာ ၂ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျိလင်ပြည်နယ် အာ့ဟယ် ရွာတွင် လယ်သမား ၁၄ ဦးက အမြင့် ၁၂ မီတာအကျယ် ၄ မီတာရှိသည့် အိမ်နံရံကို ပြောင်းဖူးပေါင်း ၃ဝဝဝဝ ဖြင့် ရက်ပေါင်း ၁၆ ရက်ကြာ အချိန်ယူကာ အလှဆင်ခဲ့ကြသည်။ သစ်သားနံရံတွင်ပြောင်းဖူးများညီညာစွာစီတန်းရန်အတွက် သတ္တုကြိုးများကို အသုံးပြုခဲ့ရသည်။ အာ့ဟယ်ရွာသည် ဆောင်းရာသီတွင် ရှုခင်းအလွန်လှပသည့်ရွာတစ်ရွာဖြစ်ပြီး ပြောင်းဖူးမှာ ဒေသထွက်ကုန်လည်းဖြစ်သည်။ ထိုသို့ပြောင်းဖူးအိမ်ဖန်တီးကာ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်စေရန်ရည်ရွယ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.