Videos
တရုတ်က လှူဒါန်းသည့် လုံခြုံရေးစက်ရုပ်နှစ်ရုပ်ကို သီရိလင်္ကာနိုင်ငံ၏ လုံခြုံရေးကဏ္ဍတွင်ပထမဆုံး အသုံးပြု
ကိုလံဘို၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံတွင် ဧပြီ ၂၁ နောက်ပိုင်း ၌ ဖြစ်ပွားခဲ့သည့် ဇိမ်ခံဟိုတယ်များနှင့် ဘုရားကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ သော အကြမ်းဖက်တိုက်ခိုက်မှုများပြီးနောက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၄.၁၄ သန်း တန်ဖိုးရှိသည့် လုံခြုံရေးဆိုင်ရာ စက်ပစ္စည်းများကို လှူဒါန်းခဲ့ရာ Robot Inspection Dogs ဟုခေါ်သည့် လုံခြုံရေးစက်ရုပ်နှစ်ရုပ်လည်း အပါအဝင်ဖြစ်သည်။ ၎င်း လုံခြုံရေးစက်ရုပ်နှစ်ရုပ်ကို သီရိလင်္ကာနိုင်ငံ ၏ မြို့တော် ကိုလံဘိုမြို့တွင်တည်ရှိသည့် Bandaranaike နိုင်ငံတကာလေဆိပ်တွင် ထားရှိကာ လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုများကိုဆောင်ရွက်လျှက်ရှိသည်။ Robot Inspection Dogs များကို ပေါက်ကွဲစေသည့် အရာများနှင့် တရားမဝင်ဆေးဝါးများကို အကွာအဝေး ၅ မီတာ မှပင် အာရုံခံနိုင်ရန် ဒီဇိုင်းထုတ်လုပ်ထားခြင်းဖြစ်သည်။ စက်ရုပ်များနှင့် လုံခြုံရေးဆောင်ရွက်ခြင်းမှာ သီရိလင်္ကာနိုင်ငံအတွက် ပထမဆုံးဖြစ်ပြီး သီရိလင်္ကာနိုင်ငံ၏ Police Narcotics Bureau မှ ထိန်းချုပ်လည်ပတ်မည်ဖြစ်ကြောင်းသိရသည်။(Xinhua)