Videos
တရုတ်နိုင်ငံအလယ်ပိုင်းတွင် ရေကန်တာတမံ ကျိုးပေါက်မှုကို ပိတ်ဆို့ရန် ရဟတ်ယာဉ်များဖြင့် ကျောက်တုံးများသယ်ပို့ပေး
ဟူပေ၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်၊ ရန်းရှင်းကောင်တီရှိ ရေကန်တာတမံကျိုးပေါက်မှုကို ပြုပြင်နိုင်ရန်အတွက် ရဟတ်ယာဉ်သုံးစီးဖြင့် ကျောက်တုံးများအား ဝေဟင်မှသယ်ဆောင်ကာ ရေစီးထွက်မှုကို ပိတ်ဆို့ခဲ့သည်။
မိုးသည်းထန်စွာရက်ဆက် ရွာသွန်းမှုကြောင့် ဖူဟီမြစ်၏ အဓိကမြစ်ကြောင်းတစ်လျှောက်ရှိ ရန်းရှင်းကောင်တီ၏
Kuisai ရေကန် တာတမံကျိုးပေါက်ကာ လယ်ယာမြေဟက်တာ ၄၀၀ ကျော် ရေနစ်မြုပ်ခဲ့သည်။
တာတမံကျိုးပေါက်ရာ နေရာသို့ စက်ယန္တရားကြီးများ၊ ဆောက်လုပ်ရေးယာဉ်များ မဝင်ရောက်နိုင်ကြောင်း သိရသည်။
ရဟတ်ယာဉ်များမှ ကျောက်တုံးများ ပစ်ချပေးပြီးနောက် ကယ်ဆယ်ရေးအဖွဲ့က မြေပြင်မှရွှံ့စေးများဖြင့် ပိတ်ကာ တာတမံကျိုးပေါက် မှုကို ပြုပြင်ခဲ့ကြသည်။ (Xinhua)