Connect with us

Videos

တရုတ်နိုင်ငံက အင်္ဂါဂြိုဟ်ခရီးစဉ်အတွက် Long March-5 ဒုံးပျံ လွှတ်တင်ရန် ပြင်ဆင် 

ဝန်ချန်း၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက အင်္ဂြိုဟ်ခရီးစဉ်အတွက် Long March-5 ဒုံးပျံလွှတ်တင်ရန် ပြင်ဆင်စတုတ္ထမြောက် Long March-5 ဒုံးပျံထိပ်ဖူးကို တရုတ်နိုင်ငံ၏ ပထမဆုံးအင်္ဂြိုဟ်စူးစမ်းလေ့လာရေးခရီးစဉ်တွင် အသုံးပြုရန် ဒုံးလွှတ်စင်တည်ရှိရာ တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန်းအာကာသလွှတ်ရေးစင်တာသို့ ဇူလိုင် ၁၇ ရက်က ဒေါင်လိုက် သယ်ယူသွားခဲ့ကြောင်း သိရသည်။

 အဆိုပါ Long March-5 Y4သယ်ဆောင်ရေးဒုံးပျံကို ဇူလိုင်လ နှောင်းပိုင်း သို့မဟုတ် ဩဂုတ်လအစောပိုင်းတွင် လွှတ်တင်ရန် စီစဉ်ထားကြောင်း တရုတ်နိုင်ငံ အမျိုးသားအာကာသစီမံခန့်ခွဲမှုဌာနထံမှ သိရသည်။ 

ဧရာမဒုံးပျံကြီးကို ဒေါင်လိုက်အနေအထားဖြင့် ဒုံးလွှတ်တင်မည့် ဧရိယာသို့ နှစ်နာရီကြာ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။ ဒုံးပျံမလွှတ်တင်မီ နောက်ဆုံး စစ်ဆေးစမ်းသပ်မှုများ ထပ်မံ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးတာဝန်အဖြစ် ထျန်းဝန်-၁(Tianwen-1)သည် တစ်ကြိမ်တည်းပတ်လမ်းပြည့်မောင်းနှင်ခြင်း၊ မြေပြင်သို့ ဆင်းသက်၊ လှည့်လည်သွားလာခြင်းတို့ကို ဆောင်ရွက်သွားရန် နှင့် အင်္ဂါဂြိုဟ်၏ သိပ္ပံစူးစမ်းလေ့လာမှုအချက်အလက်များကို ရယူရန် ရည်ရွယ်ထားကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.