Videos
တရုတ်နှင့် အာဆီယံနိုင်ငံများ တောင်တရုတ်ပင်လယ် ငြိမ်းချမ်းရေးတိုးမြှင့်ရန်ကတိပြု
ဗီယန်ကျင်း၊ ဇူလိုင် ၂၅ (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ (ASEAN) နိုင်ငံများသည် တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ အပြန်အလှန်ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှု များ တိုးမြှင့်သွားရန် အတည်ပြုခဲ့သည်။
၄၉ ကြိမ် မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အာဆီယံ၁ဝ နိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲကြေညာချက် တစ်စောင် ကိုလည်းထုတ်ပြန်ခဲ့သည်။
ကမ္ဘာ့အသိုင်းအဝိုင်းတွင် တရုတ်နိုင်ငံ နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ၏ အကျိုးအမြတ်များအတွက် တောင်တရုတ်ပင်လယ် ၏တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန် နိုင်ငံများအားလုံးက သဘောတူကြသည်။
အဆိုပါကြေညာချက်တွင် ၁၉၈၂ ခုနှစ် ကုလသမဂ္ဂ ၏ ပင်လယ်ရေကြောင်းဆိုင်ရာ သဘောတူညီချက် အပါအဝင် နိုင်ငံတကာဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအရ တရုတ်နိုင်ငံနှင့် အာဆီယံ ၁ဝ နိုင်ငံတို့ သည် တောင်တရုတ်ပင်လယ်တွင်လွတ်လပ်စွာ ရေကြောင်းသွားလာခြင်းနှင့် တောင်တရုတ်ပင်လယ်အပေါ်သို့ လေကြောင်းဖြန့်ကျက်ပျံသန်းခွင့် အပေါ်တွင် လေးစားမှုရှိမည်ဖြစ်ကြောင်းထပ်မံအတည်ပြု ခဲ့သည်။
ထို့အပြင် နိုင်ငံများအားလုံးသည် ရေပိုင်နက် နှင့် တရားစီရင်မှုဆိုင်ရာအငြင်းပွားမှုများကိုလည်း ငြိမ်းချမ်းသောနည်းလမ်းအသွင်ဖော်ဆောင်ကာဖြေရှင်းကြရန်နှင့် အန္တရာယ် ကျရောက်စေမည့်အင်အားသုံးမှုများကို ရှောင်ရှားကြရန် ၊ အချုပ်အခြာအာဏာပိုင်နိုင်ငံများအချင်းချင်း ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ညှိနှိုင်းဆွေးအဖြေရှာကြရန် စသဖြင့် သဘောတူညီခဲ့ကြသည်။ (Xinhua)