Connect with us

Videos

ပိုကီမွန် ဂိုး စွဲလန်းသူများ တဖြေးဖြေးများပြားလာ

ဟောင်ကောင်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)
ပိုကီမွန် ဂိုး ဟု အမည်ရသည့် အစစ်အမှန် လောက နှင့် ထင်ယောင်မှား ဂိမ်းတစ်မျိုးမှာ ယခုအချိန်တွင် ကမ္ဘာတစ်ဝန်း ၌ ကစားသူများ တဖြေးဖြေးများပြားလျက်ရှိသည်။ ထိုဂိမ်းကို ဟောင်ကောင်တွင်ဖြန့်ချိ ပြီး ၅နာရီအကြာ iOS ဖုန်းများနှင့် Andriod ဖုန်းများဖြင့် ဂိမ်းကို download ဆွဲသူ အများဆုံးစံချိန်တင်နိုင် ခဲ့သည်။
ဟောင်ကောင်တွင် ပြည်သူများက အဆိုပါဂိမ်းကိုအလွန် စိတ်ဝင်စားခဲ့ကြပြီးကစားကြသူများပြားကြသည်။ လူတိုင်းနီးပါး လမ်းများပေါ်သို့ထွက်လာပြီး မိုဘိုင်းဖုန်းကို စိုက်ကြည့်ကြကာ ပိုကီမွန်အကောင်လေးများကို ရှာဖွေကြသည်။ဂိမ်း၏ ပုံရိပ်ယောင်များ၊ မြေပုံများနှင့်အမှတ်အသားများကို ဂိမ်းကစားသူများမှာ အာရုံစိုက်ကစားနေကြသဖြင့် ပြင်ပလောကနှင့်အဆက်အသွယ်ပြတ်နိုင်ကြောင်း၊ ပတ်ဝန်းကျင်ကိုပါ လေ့လာဖို့လိုအပ်ကြောင်း ဂိမ်းကို လမ်းပေါ်ထွက်ကစားနေခြင်းကြောင့် အန္တရာယ်ကျရောက်မည်ကို အမြဲ သတိထားဖို့လိုအပ်ကြောင်း ပြည်သူလူထုကို သတိပေးထားကြောင်းသိရသည်။
ထိုသို့လူကြိုက်များနေသည့် မိုဘိုင်းဂိမ်းကို ဂျပန်နိုင်ငံအခြေစိုက် မူပိုင်ခွင့်လိုင်စင်ယူထားသည့် Pokémon ကုမ္ပဏီ နှင့် အမေရိကန်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Niantic Labs တို့က ပူးပေါင်း တီထွင်ခဲ့ခြင်းဖြစ်သည်။ထိုဂိမ်းကို ယခုလအတွင်းကပင် ပထမဆုံးအကြိမ်အဖြစ် သြစတြေးလျ ၊ နယူးဇီလန်နှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ဖြန့်ချိခဲ့ပြီး ဂျာမဏီနှင့် ယူကေ တို့တွင် ဆက်လက်ဖြန့်ချိခဲ့သည် ။ ထို့နောက် အာရှ နိုင်ငံများထဲတွင် ပထမဆုံးအဖြစ်ဂျပန်နိုင်ငံတွင် ဈေးကွက် ဖြန့်ချိခဲ့ပြီးနောက် ဒုတိယမြောက် အဖြစ်ဟောင်ကောင်တွင်ဖြန့်ချိခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.