Connect with us

Videos

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေတပ်) တည်ထောင်ခြင်း နှစ် ၇ဝ ပြည့် အခမ်းအနား

ချင်းသောင်၊ ဧပြီ ၂၃ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေတပ်) တည်ထောင်ခြင်း နှစ် ၇ဝ ပြည့် အခမ်းအနား သို့ အတူတကွ ပါဝင်ဆင်နွှဲရန် ရုရှား၊ ထိုင်း၊ ဗီယက်နမ်နှင့် အိန္ဒိယ နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၁ဝ နိုင်ငံကျော် မှ ရေတပ် စစ်ရေးပြ သင်္ဘောပေါင်း ၂ဝ ကျော်က တရုတ်နိုင်ငံ အရှေ့ပိုင်း ချင်းသောင်မြို့ သို့ ရောက်ရှိခဲ့သည်။ ငြိမ်းချမ်းရေးကိုထိန်းသိမ်းစောင့်ရှောက်ရန်နှင့် နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ယင်းသို့ လာရောက်ပူးပေါင်းခြင်းဖြစ်သည်။

နိုင်ငံတကာရေတပ်မတော်များ ၏ စစ်ရေးပြပွဲ ကို ဧပြီလ ၂၂ ရက်မှ ၂၅ ရက်နေ့အထိ ချင်းသောင်မြို့တွင် ပြုလုပ်မည်ဖြစ်ပြီး အဆိုပါပွဲအတွင်း ပြပွဲများ၊ အဆင့်မြင့်အရာရှိဆွေးနွေးပွဲများနှင့် ယဉ်ကျေးမှုနှင့် အားကစားပွဲများပါဝင်ပြသသွားမည်ဖြစ်သည်။

ချင်းသောင်မြို့သို့ နိုင်ငံပေါင်း ၆ဝ ကျော်မှ ကိုယ်စားလှယ်များ နှင့် နိုင်ငံပေါင်း ၃ဝ ကျော်မှ ရေတပ်ခေါင်းဆောင်များ လာရောက်ကာ အဆိုပါပွဲများကို ဆင်နွှဲမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.