Connect with us

Videos

လန်ချန်း-မဲခေါင် နိုင်ငံတကာ အသက်မွေးဝမ်းကျောင်း အင်စတီကျု ဖွင့်လှစ်ရေး သဘောတူ

လက်မှတ်ထိုး ရန်ကုန်၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ)

လန်ချန်း-မဲခေါင် နိုင်ငံတကာ အသက်မွေးဝမ်းကျောင်း အင်စတီကျု(မြန်မာ ဝမ်ပေါင် ကျောင်းခွဲ) ပူးပေါင်းဖွင့်လှစ်ရန် ယူနန် တိုင်းရင်းသားတက္ကသိုလ်နှင့်ဝမ်ပေါင်ကြေးနီကုမ္ပဏီအကြား မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဧပြီ ၂၃ ရက် က ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး၏ သံမှူးကြီး လီရှောင်ယန် (Li Xiaoyan) က မြန်မာနိုင်ငံ အစိုးရအနေဖြင့်လည်း ပညာရေးကဏ္ဍ၊ စွမ်းရည်ပြည့်ဝလူတော်များ ပျိုးထောင်ရေးကဏ္ဍကို အထူးအလေးထားလျက်ရှိရာ ယခု ဖွင့်လှစ်မည့် ယူနန်တိုင်းရင်းသား တက္ကသိုလ် လန်ချန်း-မဲခေါင် နိုင်ငံတကာ အသက်မွေးဝမ်းကျောင်း အင်စတီကျု(မြန်မာ ဝမ်ပေါင် ကျောင်းခွဲ)က အကျိုးပြုပေး နိုင်မည်ဟု ယုံကြည်ကြောင်း သံမှူးကြီး လီရှောင်ယန်(Li Xiaoyan)က ပြောကြားခဲ့သည်။ ဆက်လက်၍ ဝမ်ပေါင်ကုမ္ပဏီဥက္ကဋ္ဌ ကျန်းယွီဖုန်(Zhang Yupeng)က အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်း သည် ဒေသပြည်သူများ ရေရှည်အလုပ်အကိုင်အဆင်ပြေစေရန် စွမ်းရည်ပြည့်ဝသော နည်းပညာ၊ အတတ်ပညာ တတ်ကျွမ်းသူများဖြစ်လာစေရန် ပျိုးထောင်ရာတွင် အထောက်အကူပြုမည်ဖြစ်ရာ ကုမ္ပဏီအနေဖြင့်လည်း လူမှုအကျိုးပြုဆောင်ရွက်မှုများကို တစ်တပ်တစ်အား ပံ့ပိုးပါဝင်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူနန် တိုင်းရင်းသား တက္ကသိုလ် ပါတီကော်မတီ အထွေထွေအတွင်းရေးမှူး ချန်လုယန်(Chen Luyan)ကလည်း သင်တန်းကျောင်းကို အဆင့်သုံးဆင့်ခွဲလုပ်ဆောင်သွားမည်ဖြစ်ရာ ပထမအဆင့်အနေဖြင့် Myanmar Wangbao Minning Cooper Ltd နှင့် Myanmar Yan Tse Cooper Ltd၏ ဝန်ထမ်းများနှင့် ဒေသခံကျေးရွာသူရွာသားများအား အသက်မွေးဝမ်းကျောင်း စွမ်းရည်ဆိုင်ရာ မွမ်းမံသင်တန်းများ ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ဒုတိယအနေဖြင့် ထိုသို့မွမ်းမံသင်တန်းများပို့ချရာတွင်လည်း အသက်မွေးဝမ်းကျောင်းပညာရေးတက်ရောက်ရန် ကျောင်းသားကျောင်းသူများကို ခေါ်ဆိုသွားမည်ဖြစ်ကြောင်း ၊ တတိယအဆင့်အနေဖြင့် ဘွဲ့ပညာရေး ၊ အသက်မွေးဝမ်းကျောင်းမွမ်းမံသင်တန်း၊ ဘာသာစကားမွမ်းမံသင်တန်းနှင့် ယဉ်ကျေးမှုဖလှယ်ရေး စသည့် ကဏ္ဍလေးခုပါဝင်သည့် ဘက်စုံသင်ကြားရေးအင်စတီကျုအဖြစ် ဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ယူနန်တိုင်းရင်းသားတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် သွန့်ကောင်း(Duan Gang)နှင့် Myanmar Wangbao Minning Cooper Ltd၏ ပါတီကော်မတီ ဒုတိယအထွေထွေအတွင်းရေးမှူး တုန်စစ်ယုံ(Dong Shiyong)တို့မှ လန်ချန်း-မဲခေါင် နိုင်ငံတကာ အသက်မွေးဝမ်းကျောင်း အင်စတီကျု (မြန်မာ ဝမ်ပေါင် ကျောင်းခွဲ)ဖွင့်လှစ်ရန် နှစ်ဖက်ကိုယ်စား သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါအခမ်းအနားကို Myanmar Wangbao Minning Cooper Ltd၊ Myanmar Yan Tse Cooper Ltd၊ ယူနန်တိုင်းရင်းသားတက္ကသိုလ်နှင့်တရုတ်ယဉ်ကျေးမှုစင်တာတို့မှ ကြီးမှူးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.