Videos
တရုတ်ရိုးရာ စုပ်ခွက် ကုထုံးအား စိတ်ဝင်စားသူများပြားလာ
ပေကျင်း၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)
ဆေးမြစ်များ၊ အပ်စိုက်ကုထုံးများပြီးနောက် စုပ်ခွက်ကုထုံးသည် တရုတ်ရိုးရာ ဆေးနည်းများထဲတွင် လူကြိုက်များကြရုံသာမက အားကစားသမားများ ကိုယ်တိုင်အားထားရသည့် ကုထုံးများဖြစ်လာသည်။
ဘရာဇီးနိုင်ငံတွင်ကျင်းပလျက်ရှိသည့် ရီယိုအိုလံပစ်ကစားနည်းများပါဝင်ယှဉ်ပြိုင်ကြသူ ပြိုင်ပွဲဝင်အားကစားသမား များ ၏ ကိုယ်တွင် ခရမ်းရောင်အဝိုင်းအမှတ်အသားများကို မြင်တွေ့ရာမှ ထို ကုထုံးကို ကမ္ဘာတစ်ဝန်းမှ အားကစား ချစ်သူများက စိတ်ဝင်စားမှုများပြားလာသည်။
တရုတ်ရိုးရာ ဆေးပညာလောကတွင် အပူပေးထားသည့် ဝါးခွက် ကို လူ့အရေပြားပေါ် တင်ကာ သွေးစီးဆင်းမှု ကောင်းမွန်ရန် နှင့် ကြွက်သားများနာကျင်မှုသက်သာရန်စုပ်ခွက်ကုထုံးနည်းဖြင့်ကုသကြသည်။ ကုသပြီးနောက် ဝါးခွက် ၏ အရာများ မှာ ခရမ်းရောင်အဝိုင်းများအဖြစ် အရေပြားပေါ်တွင်ကျန်ရစ်ခဲ့ပြီး ၁ပါတ်မှ ၂ ပါတ်ကြာ သော် တဖြေးဖြေးပျောက်ကွယ်သွားကြသည်။ ယခုခေတ်တွင် ဝါးခွက်များအစား ဖန်ခွက်များနှင့် ပလတ်စတစ် ခွက်များကို အစားထိုးအသုံးပြုကုသလာပြီဖြစ်သည်။
ထိုရှေးဟောင်းကုသနည်းကို အီဂျစ်နှင့် ဂရိနိုင်ငံတို့တွင် အစောဆုံး ကုသခြင်းဖြစ်ပြီး ယခုအချိန်တွင် တရုတ်နိုင်ငံတစ်ဝန်း တိုင်းရင်းဆေးခန်းများတွင် ကုသနိုင်ပြီဖြစ်သည်။ အချို့တရုတ်လူမျိုးများအထူးသဖြင့် သက်ကြီးပိုင်းများမှာမူ ထို ကုထုံးကို ကိုယ်တိုင် ဖန်ပုလင်းများ၊ စာရွက်များနှင့် မီးခြစ်များအသုံးပြု၍ မိမိအိမ်တွင်ပင် အသုံးပြုကုသနေကြကြောင်းသိရသည်။ (Xinhua)