Connect with us

Videos

တရုတ်သံအမတ်ကြီး ရေဘေးသင့်ဒေသများသို့ သွားရောက်လှူဒါန်း ကူညီ

ရခိုင်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် တရုတ် သံရုံးမှဝန်ထမ်းများသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ သိန်းကျော် တန်ဖိုးရှိ လူသားချင်း စာနာ ထောက်ထားမှု ကူညီ ထောက်ပံ့ရေး ပစ္စည်းများ ကို စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း နှင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ အတွက် လှူဒါန်း ခဲ့ကြသည်။

သြဂုတ်လ (၄) ရက်နေ့ က တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် သည်ရေဘေးသင့် ပြည်သူများသို့ လှူဒါန်းရန် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိခဲ့ စဉ် တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နေသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ ခုတွင် အပျက်အစီး အဆုံးအရှုံး များသော ရခိုင်ပြည်နယ်၏ အနာဂတ် ဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံက နည်းပညာနှင့် ငွေကြေးများ ကူညီ ပေးမည် ဖြစ်သည့်အပြင် အနာဂတ် ရခိုင်ပြည်နယ် အတွက် တရုတ်နိုင်ငံ ကိုယ်စား ကူညီမှုများ ပြုလုပ်မည်ဟု ပြောကြားခဲ့ ပါသည်။

တရုတ်သံအမတ်ကြီးနှင့် အဖွဲ့သည် ရခိုင်ပြည်နယ် ရေဘေးသင့် ပြည်သူများအတွက် အမေရိကန် ဒေါ်လာ တစ်သိန်း လှူဒါန်းခဲ့ ပါသည်။

အလားတူ သြဂုတ်လ (၃) ရက်နေ့ကလည်း သံအမတ်ကြီး မစ္စတာ ဟုန်လျန် သည် သံရုံးဝန်ထမ်းများ နှင့် အတူ မြန်မာ နိုင်ငံရှိ ရေဘေးကြုံတွေ့နေသည့် စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့ရှိ ရေဘေးသင့်ပြည်သူများထံ သို့ သွားရောက်၍ လူသားချင်း စာနာမှု ထောက်ပံ့ရေး ပစ္စည်းများကို ကိုယ်တိုင် သွားရောက် လှူဒါန်း ခဲ့ ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရေဘေးသင့် ပြည်သူများအတွက် အမေရိကန် ဒေါ်လာ တစ်သိန်းသုံးသောင်းကျော်ကိုလည်းလှူဒါန်းခဲ့ ပါသည်။

ထို့အပြင် တရုတ်နိုင်ငံ၏ အစိုးရမဟုတ်သည့် အကြီးဆုံး ကယ်ဆယ်ရေးအဖွဲ့ ဖြစ်သည့် Blue Sky ကယ်ဆယ်ရေး အဖွဲ့သည် သြဂုတ်လ ၄ ရက်နေ့ မနက်ပိုင်း တွင် တရုတ် နိုင်ငံ မှ မြန်မာ နိုင်ငံ ရေဘေးသင့် ဒေသ များသို့ လူသားချင်း စာနာထောက်ထားမှု ကယ်ဆယ်ရေး လုပ်ငန်များ ဆောင်ရွက်ရန် ရန်ကုန် မြို့ သို့ရောက်ရှိခဲ့ကြပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.