Connect with us

Videos

တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အဖွဲ့ ယနေ့ မြန်မာ နိုင်ငံ သို့ရောက်ရှိ

ရန်ကုန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံရဲ့ အကြီးဆုံး NGO ကယ်ဆယ်ရေးအဖွဲ့အစည်း ဖြစ်တဲ့ Blue Sky ကယ်ဆယ်ရေး အဖွဲ့ဟာ မြန်မာနိုင်ငံရှိရေဘေးသင့် ဒေသ များတွင် လူသားချင်း စာနာထောက်ထားမှု ကယ်ဆယ်ရေး လုပ်ငန်များ ဆောင်ရွက်ရန်အတွက် တရုတ် နိုင်ငံ မှ ရန်ကုန် မြို့ သို့ ယနေ့ မနက်ပိုင်း တွင် ရောက်ရှိခဲ့လာခဲ့ပါတယ်။ “ယခု ရောက်ရှိလာသည့် အဖွဲ့က လူသားချင်းစာနာထောက်ထားတဲ့အဖွဲ့အစည်း ဖြစ်ပါတယ် ၊ တရုတ် မြန်မာနှစ်နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်ပြီး ချစ်ကြည်ရင်းနှီးမှု အစဉ်အလာ ကြီးမားသော နိုင်ငံ တွေလဲ ဖြစ်ပါတယ် ၊အခုမြန်မာနိုင်ငံဘေးအန္တရာယ်ကျရောက်တဲ့အချိန်မှာ အစိုးရမဟုတ်တဲ့ ပြည်သူတွေရဲ့ ပရဟိတ အဖွဲ့တစ်ဖွဲ့အနေနဲ့ ဒီဘက်ကဒုက္ခရောက်နေသူ တွေကိုကယ်ချင်လို့ ပထမဆုံးလာရောက် ခဲတာပါ ” Blue Sky အဖွဲ့ ခေါင်းဆောင် Zhang Yong က သက်ဆိုင်ရာဋ္ဌာနများနှင့်တွေ့ကာ အလိုအပ်ဆုံးနေရာကိုသွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်မည် ဖြစ်ကြောင်း ၊ ပထမဆုံးအနေနဲ့ ရခိုင် ပြည်နယ်ဘက်ကို အရင်ဆုံးသွားမည် ဖြစ်ကြောင်း ၊ အခုပထမဆုံး ရှေ့ပြေးအနေနဲ့ ၁ဝ ယောက်အဖွဲ့ ရောက်ရှိလာတာဖြစ်ကြောင်း ၊ ကယ်ဆယ်ရေး အတွက် နောက်ထပ် ဒုတိယအသုတ် တတိယ အသုတ် လာဖို့လူတွေလဲ အဆင်သင့်ဖြစ်နေကြောင်း ၊ အခုပထမဆုံးလာတဲ့အဖွဲ့အနေနဲ့ လက်ရှိ အခြေအနေ ကိုမသိရသေးတဲ့ အတွက် သက်ဆိုင်ရာဋ္ဌာနတွေနဲ့ တွေ့ဆုံလေ့လာပြီးမှသာ နောက်ထပ်အဖွဲ့ အစည်းတွေ ထပ်ခေါ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ Blue Sky ကယ်ဆယ်ရေးအဖွဲ့ဟာ မြန်မာနိုင်ငံရှိ ရေးဘေးသင့်ပြည်သူများကို ကူညီရန် လာရောက်သည့် ပထမဆုံးသောနိုင်ငံတကာအဖွဲ့ အစည်းလဲဖြစ်ပါတယ်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.