Connect with us

Videos

(၉) ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်ညှိနှိုင်း ဆွေးနွေးပွဲစတင်ကျင်းပ

ရန်ကုန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

(၉) ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ် ညှိနှိုင်း ဆွေးနွေးပွဲကို ရန်ကုန်မြို့ ငြိမ်းချမ်းရေး စင်တာတွင် ယနေ့ စတင် ဆွေးနွေးခဲ့ပါသည် ။ အဆိုပါ ညှိနှိုင်း ဆွေးနွေးပွဲ အဖွင့် မိန့်ခွန်းတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) ဒုတိယ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံး ပါဝင် လက်မှတ် ရေးထိုးနိုင်ရေးကို အစိုးရဘက်မှ နည်းလမ်းရှာဖွေပြီး ရှေ့ဆက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်နိုင်ရေးကို အစိုးရအဖွဲ့အနေဖြင့် အကောင်းဆုံး နည်းလမ်းရှာဖွေမည်ကို ယုံကြည်ကြောင်း၊ ရှေ့ဆက်သွားရန် အလားအလာ ကောင်းများ ရရှိရန် မျှော်လင့်ကြောင်း SD အဖွဲ့မှ ခေါင်းဆောင် ပဒို နော်စီဖိုးရာစိန်က ပြောကြားခဲ့သလို အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ် ရေးထိုးပြီးလျှင် တိုင်းရင်းသား အဖွဲ့များ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး စီးပွားရေး၊ လူမှုရေးများ လုပ်ကိုင်နိုင်ရန် မလွဲမသွေ ဆောင်ရွက် ပေးမြည်ဖစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးကလည်း ပြောကြားသွားခဲ့ ပါသည်။

ယနေ့ (၉) ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ် ဆွေးနွေးပွဲတွင် အားလုံးပါဝင် လက်မှတ်ရေးထိုးနိုင်ရေး၊ NCA စာချုပ်ပါ အချက်သုံးချက် ဆက်လက် ဆွေးနွေးရေး၊ အသိသက်သေ အဖြစ် မည်သူ ပါဝင်နိုင်မည်ဆိုသည့်အရေးများကို ဆွေးနွေး ခဲ့ပါသည်။အဆိုပါ ဆွေးနွေးပွဲတွင် ပြီး လေ့လာသူများအဖြစ် တရုတ် ကိုယ်စားလှယ်နှင့် UN အထူးကိုယ်စားလှယ် ၏ ကိုယ်စား တစ်ဦး တက်ရောက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.