Connect with us

Videos

တရုတ် နိုင်ငံတော် ကောင်စီဝင် မစ္စတာ ယန်ကျင်း နေပြည်တော်သို့ ရောက်ရှိ

နေပြည်တော်၊ မေ ၁၁ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူ့သမ္မတ နိုင်ငံ နိုင်ငံတော်ကောင်စီဝင် မစ္စတာ ယန်ကျင်း သည် မေလ ၁၁ ရက်နေ့တွင် နှစ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၊ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း တို့နှင့် တွေဆုံခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် တရုတ် နိုင်ငံတော် ကောင်စီဝင် ယန်ကျင်းမှ ယခုအချိန်သည် တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး (၆၅) နှစ်ပြည့်သော နှစ်ဖြစ်ကြောင်း၊ ပါတီများ ဆက်ဆံရေး၊ စိုက်ပျိုးရေး ၊ စီးပွားရေးနှင့် ယဉ်ကျေးမှု စသည့် ကဏ္ဍ အသီးသီး တွင် ပိုမို နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်းနှင့် တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးများ ဆောင်ရွက်နိုင်ရန် အတွက် အခြေအနေများ ဖန်တီးပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောဆို ဆွေးနွေးခဲ့ကြောင်းသိရသည်။