Connect with us

Politics

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်၏ မြန်မာနိုင်ငံသို့ နိုင်ငံတော် အလည်အပတ်ခရီးစဉ်

တရုတ်နိုင်ငံ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား တွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် မြန်မာနိုင်ငံ သမ္မတဦးဝင်းမြင့်၏ဖိတ်ကြားချက်အရ ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ မြန်မာနိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်ရောက်ရှိခဲ့သည်။သမ္မတရှီ ခရီးစဉ်အပြီးတွင် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အဆိုပါခရီးစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းစကားပြောကြားခဲ့ကြောင်း သိရသည်။ 

သမ္မတရှီ၏နှစ်သစ်တွင် ပထမဆုံးမြန်မာနိုင်ငံသို့လာရောက်လည်ပတ်ခြင်းသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏သံတမန်ဆက်ဆံရေးတစ်ခုလုံးတွင် အရေးပါသည့် အိမ်နီးချင်းသံတမန် ဆက်ဆံရေးလှုပ်ရှားမှုဖြစ်ရာ ကာလတိုတောင်းတိုသော်လည်း အခမ်းအနားအစီအစဉ်အပြည့်နှင့်အောင်မြင်မှုရလဒ်ကောင်းများရရှိခဲ့ကြောင်း ၊ သမ္မတရှီသည် နိုင်ငံတော်အခမ်းအနားအစီအစဉ် ၁၂ ခုကို တက်ရောက်ခဲ့ပြီး ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံ သဘောတူညီချက်၊ နားလည်မှုစာချွန်လွှာနှင့် စာလွှာ ၂၉ ခု လက်မှတ်ရေးထိုးခြင်းကို သက်သေပြုခဲ့ပြီး တရုတ်-မြန်မာနှစ်နိုင်ငံ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံကလည်း သမ္မတရှီ၏အလည်အပတ်ခရီးစဉ်ကို စောင့်မျှော်လျက်ရှိရာ အဆင့်အမြင့်ဆုံး အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ(၂) ဦးဟင်နရီ ဗန်ထီးယူ၊ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊  ပြည်ထောင်စုဝန်ကြီးများနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများသည် သမ္မတရှီကျင့်ဖိန်နှင့်အတူ  တရုတ်-မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးနှစ် စတင်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မြန်မာနိုင်ငံသို့ရောက်ရှိလာချိန်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံအလံဝှေ့ယမ်းကြိုဆိုနေသည့် ကျောင်းသားကျောင်းသူလေးများအား တွေ့ရစဉ်(ဆင်ဟွာ) 

မြန်မာ-တရုတ် ဆက်ဆံရေးနှစ် ၇၀ ပြည့်အခါသမယ၊   နှစ်သစ်တွင် ပထမဆုံးလာရောက်သည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အလည်အပတ်ခရီးစဉ်သည် နှစ်နိုင်ငံနက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးပုံရိပ်ကို ထင်ဟပ်ပေါ်လွင်စေခဲ့ကြောင်း ၊နှစ်နိုင်ငံ ခေတ်ကာလအဆက်ဆက် ချစ်ကြည်ရင်းနှီးကြသော စာမျက်နှာသစ်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ_တရုတ် ဆက်ဆံရေး သမိုင်းတွင် အရေးကြီးသည့်မှတ်ကျောက်တိုင်ကို စိုက်ထူနိုင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ နယ်ပယ်ကဏ္ဍအသီးသီးတွင် ဆိုသည်။နိုင်ငံတကာ သတင်းမီဒီယာများ အထူးဂရုပြုကြသည့် သမ္မတရှီ၏ခရီးစဉ်ကို အများက  ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ခေတ်သစ်ကာလသို့ လျှောက်လှမ်းခြင်းဖြစ်ကြောင်း ၊ ရပ်ဝန်းနှင့်ပိုးလမ်းမ တည်ဆာက်ရေးတွင် အရေးကြီးသည့် တိုးတက်အောင်မြင်မှုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း ယုံကြည်ကြသည်။ 

(၁) တရုတ်-မြန်မာ ကံကြမ္မာတူအကျိုးတူအသိုက်အဝန်းတည်ဆောက်ရင်း နှစ်နိုင်ငံဆက်ဆံရေး၏ ခေတ်သစ်သို့ လျှောက်လှမ်းမည်

သမ္မတရှီ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ကာလတွင်  တရုတ်-မြန်မာ ကံကြမ္မာတူ အကျိုးတူ အသိုက်အဝန်းတည်ဆောက်ရန် နှစ်နိုင်ငံ သဘောတူညီမှုရရှိခဲ့ကြသည်။ ထိုဆုံးဖြတ်ချက်သဘောတူညီမှုသည်  ခေတ်ကာလရေစီးကြောင်းနှင့်လိုက်လျောညီထွေသလို နှစ်နိုင်ငံပြည်သူ့ဆန္ဒနှင့်ကိုက်ညီရာ တရုတ်-မြန်မာဆက်ဆံရေး၏အနက်အဓိပ္ပါယ်ကို ပိုမိုပြည့်စုံနက်ရှိုင်းစေပြီး ပူးပေါင်းဆောင်ရွက်မှု၏ မပြတ်သောတွန်းအားဖြစ်စေခဲ့သည်။

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်မှု နှစ် ၇၀ ပြည့် အထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံစလုံးက “ယဉ်ကျေးမှုခရီးသွားနှစ်”ကျင်းပပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း ၊ ပညာရေး၊ခရီးသွား၊ယဉ်ကျေးမှု စသည့် လူမှုယဉ်ကျေးမှု ကဏ္ဍများတွင် အခမ်းအနားအစီအစဉ် ၇၀ ကျော် ပြုလုပ်မည်ဖြစ်ရာ ၎င်းမှာ နှစ်နိုင်ငံပြည်သူများ အကြားအပြန်အလှန်နားလည်မှုနှင့်ယုံကြည်မှုကို တစ်ဆင့်တိုးနက်ရှိုင်းစေကာ တရုတ်-မြန်မာဆက်ဆံရေးကာလရှည်ကြာဖွံ့ဖြိုးတိုးတက်ရန် ပြည်သူ့ ဆန္ဒအခြေခံကို ပိုမို ခိုင်မာစေမည်ဖြစ်ကြောင်း ဝမ်ရိက ဆိုသည်။

(၂) ရပ်ဝန်းနှင့်ပိုးလမ်းမ အရည်အသွေးမြင့် အတူလက်တွဲတည်ဆောက်ရင်း နှစ်နိုင်ငံ ရွှေလမ်းငွေလမ်း အနာဂတ်သစ်ကို ဖွင့်လှစ်မည်

သမ္မတရှီသည် မြန်မာနိုင်ငံ နိုင်ငံခေါင်းဆောင်များနှင့်  ရပ်ဝန်းနှင့်ပိုးလမ်းမ အရည်အသွေးမြင့် အတူလက်တွဲတည်ဆောက်ရန် တွန်းအားပေးဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိုနှိုင်းရာတွင် အရေးပါသည့် သဘောတူညီချက် အသစ်များ ရရှိခဲ့ကြသည်။  တရုတ်-မြန်မာနှစ်နိုင်ငံစလုံးက ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရန်ကုန်မြို့သစ်စီမံကိန်း၊ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်နှင့် ကားလမ်းရထားလမ်း၊ လျှပ်စစ်စွမ်းအင် စသည့် အပြန်အလှန်ဆက်သွယ်ချိတ်ဆက်မည့်  ပင်မတည်ဆောက်မှုများကို ဘက်စုံစီမံခန့်ခွဲတွန်းအားပေး ဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြရာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံသည် အစီအစဉ်ရေးဆွဲခြင်းမှ လက်တွေ့တည်ဆောက်ခြင်းသို့ လျှောက်လှမ်းနိုင်ခဲ့ပေသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ  တရုတ်-မြန်မာနယ်စပ်ကို ဖြတ်သန်းကာ မန္တလေးမှတစ်ဆင့် ရန်ကုန်နှင့် ကျောက်ဖြူသို့ ဆက်သွယ်မည့် စုံမှတ်သုံးခု အားပြုသည့် တရုတ်-မြန်မာစီးပွါးရေးစင်္ကြံသဏ္ဍန်သည် ပုံပေါ်လာပြီဖြစ်ပေသည်။

သမ္မတရှီ၏ ခရီးစဉ်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံ မန္တလေးတိုင်းကို  ရပ်ဝန်းနှင့်ပိုးလမ်းမ မူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် သဘောတူညီမှုရရှိခဲ့သလို ရန်ကုန်တိုင်းနှင့်လည်း ညီနောင်မိတ်ဆွေပြည်နယ်တိုင်းအဖြစ် ဆောင်ရွက်ရန် စာချွန်လွှာလက်မှတ်ရေးထိုးခဲ့ရာ တရုတ်နိုင်ငံ ယူနန်နှင့် မြန်မာနိုင်ငံတို့သည် နေရာအနေအထားအားသာချက်ဖြင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်သွားခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက်စေရန် တွန်းအားသစ်ဖြစ်စေမည်ဟု ယုံကြည်ကြောင်း ဝမ်ရိက ဆိုသည်။ 

(၃) နိုင်ငံတကာတရားမျှတမှုကို ကာကွယ်ထိန်းသိမ်းကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးရပ်ကို အားသစ်ထပ်လောင်းမည်

မြန်မာနို်ငငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာ ထောက်ခံဆောင်ရွက်သလို တရုတ်နိုင်ငံက ၎င်း၏အဓိကအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရာတွင်လည်း မိတ်ဆွေများဘက်မှ ခိုင်မာစွာ ရပ်တည် ထောက်ခံခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံက မိမိရွေးချယ်သော ဖွံ့ဖြိုးရေးလမ်းစဉ်အတိုင်း ရှေ့ဆက်လျှောက်လှမ်းခြင်းကို ထောက်ခံသလို နိုင်ငံတကာဇတ်ခုံတွင် မိမိ၏မှန်ကန်သည့်အခွင့်အရေး ၊အကျိုးစီးပွားနှင့် နိုင်ငံဂုဏ်သိက္ခာကို ကာကွယ်ထိန်းသိမ်းခြင်းကိုလည်း ထောက်ခံရာ မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာနှင့်ဆန္ဒသဘောထားအား လေးစားမှုကို အခြေခံ၍ မြန်မာနို်ငငံ၏ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်များတွင် အပြုသဘောဆောင်တွန်းအားပေး ဆောင်ရွက်လိုသည်။

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ကို ရှေ့ဆက်လက်ကိုင်ထားကာ  ကုလသမဂ္ဂပဋိဉာဉ်စာချုပ်၏ရည်ရွယ်ချက်နှင့် အခြေခံမူများကို အတူတကွကာကွယ်၍ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ဘုံအကျိုးစီးပွား၊ နိုင်ငံတကာ တရားမျှတမှုကို ကာကွယ်ထိန်းသိမ်းကြရန် တရုတ်-မြန်မာနှစ်နိုင်ငံ ခေါင်းဆောင်များက အလေးအနက်ထားပြောကြားခဲ့ကြသည်။ အခြေအနေသစ်တွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ကို ခေတ်သစ်အနက်အဓိပ္ပါယ်ပြည်စုံစေခဲ့ရာ အားသစ်လောင်း၊နက်ရှိုင်းခိုင်မာလာမှုကို ပြသနိုင်ခဲ့ပေသည်။“အလာစောသည်ဟုမဆိုသာ ၊ မိတ်ဆွေသင်္ဂဟရှိသည့်အရပ်မို့ပါ”ဟု ဝမ်ရိက ဆိုသည်။ နှစ်သစ်အစ သမ္မတရှီ၏ ပထမဆုံးခရီးစဉ်ကို နှစ်ထောင်ချီကြာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး တည်ရှိသည့် အိမ်နီးချင်းမိတ်ဆွေနိုင်ငံကို ရွေးချယ်ခြင်းသည်  လူသားမျိုးနွယ်ကံကြမ္မာတူအကျိုးတူအသိုက်အဝန်းတည်ဆောက်ရန် တွန်းအားပေး ဆောင်ရွက်မှု၏အရေးပါသည့် အကောင်အထည်ဖော်ဆောင်မှုတစ်ရပ်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)