Videos
တရုတ် နိုင်ငံ နှင့် တောင်အာဖရိကနိုင်ငံ တို့အကြားမဟာဗျူဟာမြောက်မိတ်ဖက် ဆောင်ရွက်ရန် ဆွေးနွေး
ပရီတိုးရီးယား၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် (Xi Jinping) သည် တောင်အာဖရိကနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး အဖြစ် သွားရောက်ခဲ့ပြီး တောင်အာဖရိက နိုင်ငံသမ္မတ ဂျက်ကော့ဇူးမား (Jacob Zuma) နှင့် နှစ်နိုင်ငံ ဖွံ့ဖြိုးဆဲ စီးပွားရေး အခြေအနေများ အကြား ကျယ်ပြန့်သည့် မဟာဗျူဟာမြောက်မိတ်ဖက်ဆောင်ရွက်ရန် နည်းလမ်းများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးစဉ်အတွင်း နှစ်နိုင်ငံ ခေါင်းဆောင်များသည် ၅နှစ်မှ ၁၀ နှစ်အတွင်း မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု များ အပြည့်အဝ အကောင်အထည်ဖော်ခြင်းအားဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ကဏ္ဍသစ် မြှင့်တင် နိုင်ရန်နှင့် ဂျိုဟန်နက်စ်ဘာ့ဂ် (Johannesburg) တွင် ပြုလုပ်မည့် အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (FOCAC) တွင် ပူးတွဲ သဘာပတိ အဖြစ် လုပ်ဆောင်ကြရန် သဘောတူခဲ့ကြသည်။
နှစ်ရက်ကြာ ပြုလုပ်မည့် အဆိုပါ အစည်းအဝေးအား ဒီဇင်ဘာလ ၄ ရက် (သောကြာနေ့) တွင် စတင်မည်ဖြစ်ပြီး ကြေညာစာတမ်း အတည်ပြုရေးနှင့် တရုတ်-အာဖရိက ဆက်ဆံရေး စည်းလုံးညီညွတ်ရေး အတွက် ရည်ရွယ် သည့် လုပ်ငန်း အစီအစဉ် လျာထားရေး စသည်တို့အား လုပ်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ထားပါသည်။
ဆွေးနွေးပွဲအပြီးတွင် ရှီနှင့် ဇူးမားတို့ ရှေ့မှောက်၌ စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျးမှု၊ သိပ္ပံနှင့် နည်းပညာ စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြ သည်။(Xinhua)