Connect with us

Videos

နေရောင်ခြည်စွမ်းအင်သုံးကားအားတရုတ်နိုင်ငံတွင်မိတ်ဆက်ပြသ

ရှန်ဟိုင်း ၊ ဒီဇင်ဘာ (၃) ရက် (ဆင်ဟွာ)

ကမ္ဘာ့ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံး မိသားစုစီးကား စတယ်လာလက်စ်အား တရုတ်နိုင်ငံရှန်ဟိုင်း စမတ် ကား များရှေ့ပြေးအစီအစဉ်တွင် ဒီဇင်ဘာလ (၂) ရက်နေ့ က ပါဝင်ပြသခဲ့သည်။

အဆိုပါကားတွင် ထိုင်ခုံလေးခုံ နှင့် ဆိုလာပြားများကို အမိုးတွင်တပ်ဆင်ကာ ကီလိုမီတာ ၁၅ဝဝ ခန့်အထိ မောင်းနှင်အသုံးပြုနိုင်ရန် နယ်သာလန်နိုင်ငံ အင်ဟိုဗန်နည်းပညာတက္ကသိုလ်မှ ကျောင်းသားများ က ထုတ်လုပ်ထားသည်။

အဆိုပါကားများအား နောက်ပိုင်တွင် ခေတ်ကို ပြောင်းလဲသွားနိုင်သည့် တီထွင်မှုများအား ဆက်လက်ဆောင်ရွက်နိုင်ရန် စမ်းသပ်သွားမည်ဖြစ် သည်ဟုသိရသည် ။

နယ်သာလန်နိုင်ငံ တီထွင်ဖန်တီးမှု၊ နည်းပညာနှင့် သိပ္ပံပညာကွန်ယက်အဖွဲ့မှ တရုတ်နိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ကာ တီထွင်ထုတ်လုပ်သွားမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.