Connect with us

Videos

ဒဏ်ခတ်ပိတ်ဆို့မှုများနှင့်ပတ်သက်၍ ထရမ့် နှင့် ပူတင်ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော် ထုတ်ပြန်

ဝါရှင်တန် ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အငြင်းပွားဖွယ် အစောပိုင်းက ပြောကြားခဲ့သော မှတ်ချက်စကား နှင့်အတူ အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲအတွင်း ရုရှားနိုင်ငံက ကြားဝင်နှောင့်ယှက်မှုများနှင့်ဆက်စပ်၍ ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ကိစ္စရပ်များအပေါ် အမေရိကန်သမ္မတ နှင့် ရုရှားသမ္မတတို့ဆွေးနွေးခဲ့ကြကြောင်း အိမ်ဖြူတော်က ဇူလိုင်လ ၁ဝ ရက်တွင် ပြောကြားခဲ့သည်။ “ အမေရိကန်ရွေးကောက်ပွဲမှာ ကြားဝင်နှောင့်ယှက်ခဲ့တဲ့အတွက် ဒဏ်ခတ်ပိတ်ဆို့မယ်ဆိုတဲ့ အကြောင်းတွေ ဆွေးနွေးလိမ့်မယ်လို့ယုံကြည်ပါတယ်။ ဒါပေမယ့် အဲဒီကိစ္စ အပြင်အခြား မရှိပါဘူး” ဟု အမေရိကန်နိုင်ငံသမ္မတအိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Sarah Huckabee Sanders က နေ့စဉ်ပုံမှန်ပြုလုပ်နေကြ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့၌ ပြုလုပ်ခဲ့သည့် G20 ထိပ်သီးအစည်းအဝေးအတွင်း အမေရိကန် နှင့်ရုရှားခေါင်းဆောင် နှစ်ဦးသည် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည်။ ဆီးရီးယား နှင့် ယူကရိန်း ပဋိပက္ခများအတွင်း အင်အားကြီး နှစ်နိုင်ငံအကြား တင်းမာမှုများ ဖြစ်ပေါ်နေခြင်းအပါအဝင် ၂ဝ၁၆ ခုနှစ် အမေရိကန်နိုင်ငံသမ္မတရွေးကောက်ပွဲတွင် ရုရှားနိုင်ငံက ကြားဝင်နှောင့်ယှက်ခဲ့သည့် ကိစ္စရပ်အပေါ် အမေရိကန်ပြည်ထောင်စု ဗဟိုအစိုးရက စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသည့် ကာလအတွင်းမှာပင် ရုရှား-အမေရိကန် နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်များတွေ့ဆုံခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.