Connect with us

Videos

မွေးကင်းစကလေးသေဆုံးမှုလျော့ချရန် ကလေးအသုံးအဆောင်များပါဝင်သည့် baby box များထောက်ပံ့ပေး

နယူးဂျာစီ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ)

ဖင်လန်နိုင်ငံတွင် လွန်ခဲ့သည့် ၇၅ နှစ်ကျော်ကာလကတည်းက ဒေသအစိုးရမှ မွေးစကလေးများအတွက် အဝတ်အစားများ၊ အနှီးများ၊ အရုပ်များပါဝင်ကာ ကလေးငယ်များအိပ်စက်ရန်အိပ်ရာများအဖြစ်လည်းအသုံးပြုနိုင်သည်။

ထိုသို့ကူညီထောက်ပံ့ပေးခြင်းအားဖြင့် ဖင်လန်နိုင်ငံသည် ကမ္ဘာပေါ်တွင် မွေးစကလေးသေဆုံးမှုအနိမ့်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လာ ခဲ့သည်။ အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ်တွင်လည်းယခုအခါကုမ္ပဏီတစ်ခုက ကလေးများအတွက် baby box များကို ဖန်တီးပေးမည်ဖြစ်သည်။ ထိုသို့ဖန်တီးပေးခြင်းဖြင့် မွေးစကလေးသေဆုံးမှုနှုန်းကို လျော့ချပေးနိုင်မည်ဖြစ်သည်။ သယ်ယူရလွယ်ကူသည့် ကတ်ထူဘူးဖြင့်ပြုလုပ်ထားသည့်အဆိုပါ baby box များတွင် အိပ်ရာအတွက် အဆင်ပြေစေမည့် အခင်းများခင်းပေးထားသည်။ ကလေးများလုံခြုံစိတ်ချစွာအိပ်စက်နိုင်စေမည့် ဒီဇိုင်းဖြင့်ဖန်တီးထားခြင်းဖြစ်သည်။

ကလေးများကို အမွှေးပွအရုပ်များ စောင်ထူထူများဝန်းရံပြီးအိပ်ယာတွင် အိပ်စက်စေခြင်းကို မိဘများအနေဖြင့် လုံခြုံစေသည်ဟု ယူဆမှုမှာမှားယွင်းကြောင်း၊ ထိုသို့ အိပ်စက်စေခြင်းဖြင့် ကလေးငယ်မှာ ရုတ်တရက် အသက်ရှုရပ်ခြင်းကဲ့သို့မျိုးအသက်အန္တရာယ်စိုးရိမ်နိုင်ဖွယ်ရှိကြောင်း ထို့ကြောင့် baby box များကို ကလေးများအိပ်စက်ရာတွင် စိတ်ချအဆင်ပြေစေရန်ဖန်တီးခြင်းဖြစ်ကြောင်းသိရသည်။ အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ်သည် ကလေးများအတွက် baby box အစီအစဉ် စတင် ဖန်တီးပြုလုပ်သည့် ပထမဆုံးပြည်နယ်တစ်ခုလည်းဖြစ်သည်။ထိုသို့ဆောင်ရွက်မည့် အစီအစဉ်ကို baby box university က မိဘများ ၎င်းတို့၏ ရင်သွေးငယ်များကို လုံခြုံစိတ်ချအောင်စောင့်ရှောက်နိုင်စေရန်အတွက် ပညာဖြန့်ဝေပေးရန် ဆောင်ရွက်ပေးခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုမှာ ကလေးငယ်သေဆုံးမှုနှုန်းမြင့်မားလျက်ရှိသောကြောင့် ထိုသို့ဆောင်ရွက်ရန်စီစဉ်ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.