Connect with us

Videos

နိုင်ငံတော် သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်ဆွေးနွေးပွဲပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့သည် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော်၌ ယနေ့နံနက် ပိုင်းတွင် သီးသန့်တွေ့ဆုံကာ ယခင် အစဉ်အလာ မရှိခဲ့သော နိုင်ငံအကြီးအကဲ တာဝန်များကို စနစ်တကျ လွှဲပြောင်းပေးရေး အစဉ်အလာကောင်း ထူထောင်ရန်လည်း ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။ ၄၅ မိနစ် ကြာမြင့်သော အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုတွင် နိုင်ငံတော် သမ္မတက ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြည်သူများ၏ ထောက်ခံမူကို ပြတ်ပြတ်သားသားနှင့် အနိုင်ရရှိမှုအပေါ် ဂုဏ်ပြုကြောင်း နှင့် ဒေါ်အောင်ဆန်းစုကြည် ကလည်း ၂၀၁၂ ခုနှစ်ကစပြီး NLD ကို လွှတ်တော် နိုင်ငံရေး ပြန်ပြီး လုပ်နိုင်အောင် ပြုပြင် ပြောင်းလဲရေးများ ပူးပေါင်း ဆောင်ရွက်ပေးခဲ့မှုနှင့် ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတစွာ ကျင်းပပေးသည့် အတွက် သမ္မတကြီးအား ကျေးဇူးတင်ကြောင်း ပြောကြားသည်။ နောင်ပေါ်လာမည့် အစိုးရကို အေးချမ်း ညင်သာ ချောမွေ့စွာ တာဝန် လွဲပြောင်း ပေးနိုင်ရေးနှင့် ပြည်သူများအနေနှင့် စိုးရိမ် ပူပန်မူများ မရှိစေရန် နှစ်ဘက် ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စများကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.