Connect with us

Videos

BRICS မီဒီယာ ခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေး ပထမဆုံး အကြိမ် ကျင်းပ

ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

BRICS အဖွဲ့ဝင်နိုင်ငံများမှ မီဒီယာ ခေါင်းဆောင်များ စုဝေး၍ ပထမဆုံး အကြိမ် မီဒီယာ ထိပ်သီး အစည်း အဝေးအား နိုဝင်ဘာလ ၃၀ ရက်၌ ပေကျင်းတွင် ကျင်းပပြီး BRICS အဖွဲ့ဝင် နိုင်ငံများအကြား မီဒီယာ ဖလှယ်ရေး ပိုမို တိုးမြင့်လာစေရေး သဘောတူ ခဲ့ကြသည်။

ထို အစည်းအဝေးအား ဆင်ဟွာ သတင်းဋ္ဌာန ဥက္ကဋ္ဌနှင့် ထိပ်သီး အစည်းအဝေး၏ သဘာပတိလည်း ဖြစ်သူ ချိုက်မင်းကျို က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခြင်း ဖြစ်သည်။ ဘရာဇီး ဆက်သွယ်ရေး ကုမ္ပဏီ၊ ရုရှား တူဒေး အင်တာ နေရှင်နယ် အင်ဖော်မေးရှင်း အေဂျင်စီ၊ ဟိန္ဒူ ဂရု (ပ်) သတင်းစာနှင့် တောင်အာဖရိက၏ အင်ဒီပန်ဒန့် မီဒီယာ တို့မှ ခေါင်းဆောင်များ တက်ရောက်၍ အစည်းအဝေး၏ တွဲဖက် သဘာပတိများ အဖြစ် ဆောင်ရွက် ကြမည် ဖြစ်သည်။

BRICS အဖွဲ့ဝင် နိုင်ငံများ အကြား လက်တွေ့မီဒီယာ ပူးပေါင်း ဆောင်ရွက်မှုနှင့် စပ်ဆိုင်သည့် လုပ်ဆောင်ချက် ၆ ချက်အား သဘောတူခဲ့သည်။ ယင်းတို့မှာ BRICS မီဒီယာ ထိပ်သီး အစည်းအဝေး အတွက် ဆက်ဆံရေးရုံး တည်ထောင်ရေး၊ BRICS မီဒီယာ ဖောင်ဒေးရှင်း၊ BRICS မီဒီယာ ဂျာနယ်လစ်ဇင် ဆု တည်ထောင်ရေး၊ BRICS ဂျာနယ်လစ်များ အတွက် သင်တန်းပေးခြင်းနှင့် ဖလှယ်ခြင်းများ ပါဝင်သော ပူးတွဲ ဓာတ်ပုံပြပွဲ ပြုလုပ်ခြင်းနှင့် G20 ပါဝင်သည့် BRICS ပူးတွဲ မီဒီယာအတွက် ညှိနှိုင်း ဆောင်ရွက်မှု လုပ်ထုံး လုပ်နည်းများ စသည်တို့ ပါဝင်သည်။

မီဒီယာ ဖွံ့ဖြိုးရေးနှင့် ဆက်သွယ်ရေး တိုးမြှင့်ရာတွင် ကြီးမားသော သက်ရောက်မှု ရှိစေရန်နှင့် BRICS ပူးပေါင်းဆောင်ရွက်မှု ကျစ်လစ် ခိုင်မာစေရန် ၊ တရုတ် နိုင်ငံ အစိုးရအနေဖြင့်လည်း BRICS မိတ်ဖက်များဖြင့် ပူးပေါင်း ဆောင်ရွက်ရေးနှင့် ခိုင်မာစွာ ညှိနှိုင်း ဆောင်ရွက်ရန် ဆန္ဒရှိနေကြောင်းလည်း သိရပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.