Videos
နိုင်ငံ ရှစ်နိုင်ငံမှ အီလက်ထရောနစ်ပစ္စည်းများသယ်ဆောင်ခြင်းအား အမေရိကန်တားမြစ်
ဝါရှင်တန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံက အရှေ့အလယ်ပိုင်းနှင့် အာဖရိကတိုက်မြောက်ပိုင်းနိုင်ငံ ရှစ်နိုင်ငံမှ ပျံသန်းလာသော လေကြောင်းလိုင်းအချို့ တွင် ပါရှိလာသည့် ခရီးဆောင်အိတ်များအတွင်း လက်တော့ပ်နှင့် တက်ဘလက်များ ကဲ့သို့သော အီလက်ထရောနစ်ပစ္စည်းများ သယ်ဆောင်လာခြင်းကို ပိတ်ပင်လိုက်ကြောင်း သိရသည်။ ခရီးသည်များအနေဖြင့် ၎င်းတို့၏ လက်ဆွဲအိတ်များအတွင်း လက်တော့ပ်များ၊ တက်ဘလက်များ၊ ဒီဂျစ်တယ်ကင်မရာများ နှင့် အခြားကြီးမားသည့် အီလက်ထရောနစ်ပစ္စည်းများ ထည့်သွင်းယူဆောင်လာခွင့်ရှိတော့မည် မဟုတ်ကြောင်း၊ လက်ကိုင်ဖုန်းများနှင့် အတည်ပြုချက်ပေးထားသည့် ဆေးပစ္စည်းကိရိယာများသာ တားမြစ်ချက်မှ ကင်းလွတ်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)