Connect with us

Videos

သမ္မတရှီကျင့်ဖိန် က တရုတ်နိုင်ငံ ၏ တံခါးဖွင့်ဝါဒဆီသို့ ဦးတည်လျှောက်လှမ်း

ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် တံခါးဖွင့်ဝါဒ ဖြင့် ဘက်ပေါင်းစုံမှ ပွင့်လင်းမြင်သာသော တိုးတက်ဖွံ့ဖြိုးမှုရှိစေမည့် အခွင့်အလမ်းများကို ဆက်လက် ထိန်းသိမ်းသွား မည်ဖြစ်ကြောင်း သမ္မတရှီကပြောခဲ့ပါသည်။လွန်ခဲ့ သည့်တစ်လခန့်က Davos တွင်ကျင်းပပြုလုပ် သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် သမ္မတရှီက တရုတ်နိုင်ငံ၏ ဈေးကွက်အတွင်းသို့ ဝင်ရောက် ဆက်သွယ်နိုင်ရန် နိုင်ငံအားလုံးအတွက် တံခါးဖွင့်ပေးထားပြီး တရုတ်နိုင်ငံအနေဖြင့်လည်း ကမ္ဘာကြီးနှင့် လိုက်လျောညီထွေဖြစ်စေရန် ကြိုးပမ်းလျက်ရှိ ကြောင်း ကတိပြု ပြောဆိုခဲ့သည်။

၂ဝ၁၂ ခုနှစ်တွင်ကျင်းပသော တရုတ် ကွန်မြူနစ် ပါတီ၏ ၁၈ကြိမ်မြောက် အမျိုးသားကွန်ဂရက် ကျင်းပစဉ်ကတည်းက သမ္မတရှီက ပြီးပြည့်စုံသော တံခါးဖွင့် မူဝါဒကို အစီအစဉ် ချမှတ်နေခြင်းဖြစ်သည်။၂ဝ၁၅ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုသို့ သမ္မတရှီရောက်ရှိစဉ်တွင် လည်း တရုတ်နိုင်ငံ၏ အခြေခံကျသော အမျိုးသားရေးမူဝါဒမှာ တံခါးဖွင့်မူဝါဒဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မူဝါဒမှာပြောင်းလဲမှု မရှိကြောင်း ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အခွင့်အရေးများကို တရားဥပဒေနှင့်အညီ ဆက်လက် ကာကွယ်ပေးသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံအတွင်း နိုင်ငံခြားကုမ္ပဏီများ ရင်းနှီးမြုှပ်နှံရန်နှင့် အကျိုးအမြတ်ဖြစ်ထွန်းရန် ကောင်းမွန်သော ဆောင်ရွက်မှုများဖြင့် ကူညီသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ပြီးခဲ့သည့် ၄ နှစ်တာကာလအတွင်း တရုတ်နိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၇၁ ဘီလီယံ ရှိခဲ့ပြီး တရုတ်နိုင်ငံ မှ ရင်းနှီးမြှုပ်နှံမှု မှာ ၇၂.၄ ဘီလီယံအထိရှိခဲ့ကာ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်တိုးတက်လျက်ရှိသည်။ ပိုးလမ်းမကြီး စီမံကိန်း အပါအဝင် အရေးပါသော ဆုံးဖြတ်ချက်များ သည် တရုတ်နိုင်ငံ၏ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာများနှင့် တံခါးဖွင့်ဝါဒအတွက် များစွာအထောက်အကူပြုသည်။

သမ္မတ ရှီကျင့်ဖိန် က “တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို ပိုးလမ်းမကြီးတစ်လျှောက်ရှိ အခြားနိုင်ငံများနှင့် ဝေမျှခံစားရန်နှင့် ဘုံအကျိုးစီးပွားဖြစ်ထွန်းရန် အတွက် ပိုးလမ်းမကြီးစီမံကိန်းကို မိမိအနေဖြင့် တင်သွင်းခဲ့ကြောင်းပြောကြားခဲ့သည်။”၂ဝ၁၇ ခုနှစ် အစောပိုင်းကာလက Davos တွင် ပြောကြားသည့် သမ္မတရှီ၏ မိန့်ခွန်းကြောင့် ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးလာသော ကမ္ဘာ့စီးပွားရေး အခြေအနေနှင့် နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှု ကျဆင်းခြင်းတို့အတွက် မျှော်လင့်ချက်တစ်ခုဖြစ်လာခဲ့သည်။တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများအားလုံးအတွက် အမြဲတမ်းတံခါးဖွင့်ထားပါကြောင်း သမ္မတရှီကဆိုသည်။ တရုတ်နိုင်ငံ၏မူဝါဒ လမ်းစဉ်သည် ကမ္ဘာ့စီးပွားရေးကဏ္ဍတွင် ဘုံ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေရန် ၊ တရုတ်နိုင်ငံ၏ အတွေးအခေါ်များ ဆုံးဖြတ်ချက်များကို ပြသရန် ရည်ရွယ်သည်။ တရုတ်နိုင်ငံက ကောင်းမွန်စွာ ကူးသန်းဆက်သွယ်နိုင်လိမ့်မည် ဖြစ်ပြီး တံခါးဖွင့်ဝါဒကို ကောင်းစွာ အထောက်အကူပြုနိုင်မည်ဖြစ်သည်ဟု တစ်ကမ္ဘာလုံးက မျှော်လင့်လျက်ရှိသည်။ သမ္မတရှီက နိုင်ငံများအားလုံးတရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အထူးရထားကြီးနှင့် လိုက်ပါကြဖို့ ဖိတ်ခေါ်ခဲ့သည်။

၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် သမ္မတရှီကလူသားမျိုးနွယ်အားလုံးအတွက် ကောင်းမွန်သော အနာဂတ်တည်ဆောက်ရန် အဆိုကို ပထမဆုံးအကြိမ်တင်သွင်းခဲ့သည်။ တရုတ်နိုင်ငံ သည် ကုလသမ္မဂ္ဂ အဖွဲ့ဝင်နိုင်ငံများအားလုံး၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အေဂျင်စီများအားလုံးနှင့် အတူလက်တွဲ ကာ လူသားမျိုးနွယ်တို့၏ ကောင်းမွန်အကျိုးရှိသော အနာဂတ်ရရှိရန်ဆောင်ရွက်ဖို့အဆင်သင့်ဖြစ်နေပါပြီ ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.