Connect with us

Videos

ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ်တွင် အင်အားပြင်း ငလျင် လှုပ်ခတ်၊ လူပေါင်း ၃၀၀ ခန့်သေဆုံး

အစ္စလာမ်မာဘတ် ၊အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ အရှေ့တောင်ပိုင်းတွင် အောက်တိုဘာ ၂၆ ရက်နေ့ ညနေပိုင်းက ပြင်းအား ၈.၁ ရစ်ချ်တာ စကေး ရှိသော ငလျင် လှုပ်ခတ် ခဲ့ပြီး ပါကစ္စတန် ၊ အိန္ဒိယ နှင့် ဥဇဘက် ကစ္စတန် စသည့် အိမ်နီးချင်း နိုင်ငံ များတွင်လည်း အလွန် ပြင်းထန်သည့် ငလျင်များ လှုပ်ခတ်ခဲ့သည်။ ပါကစ္စတန်၊ အိန္ဒိယနှင့် အာဖဂန် နစ္စတန် သုံးနိုင်ငံတို့တွင် အောက်တိုဘာလ ၂၇ ရက် နံနက်အထိ သေဆုံးသူ ၃၀၀ နီးပါး ရှိနေပြီး ဒဏ်ရာရှိသူ ၁,၆ဝဝ ကျော်ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် နေ့လည် ၂း၀၉ နာရီအချိန်၌ ပါကစ္စတန်-အာဖဂန် နစ္စတန်နိုင်ငံ နယ်စပ်ရှိ Hindukush တောင်အား ဗဟိုပြု လှုပ်ခတ်ခဲ့ပြီး ဆုံချက်နေရာတွင် အနက် ၁၉၃ ကီလိုမီတာ ရှိကြောင်း ဒေသ ဆိုင်ရာ စာရင်းအရ သိရသည်။ ယခု အကြိမ် ဖြစ်ပွားခဲ့သော ငလျင် နှင့် ပတ်သက်၍ ငလျင် ပညာရှင်များမှ အိန္ဒိယနိုင်ငံ သည် အိန္ဒိယ-သြစတြေးလျ ပြတ်ရွေ့ အတွင်း တည်ရှိပြီး ၎င်းမှာ မြောက်ဘက်သို့ ရွေ့လျားခဲ့ခြင်း ဖြစ်ပြီး အာရှ-ဥရောပ ပြတ်ရွေ့အလွှာအောက်သို့ ရောက်ရှိ သွားကြောင်း သုံးသပ် ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.